ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်၊ ၁၆ ဦးအဆင့်နှင့် ကွာတား ဖိုင်နယ်အဆင့်တွင် အခက်အခဲမရှိ အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ တရုတ်လက် ရွေးစင်ကစားသမားကို ၉-၁၁ ပွဲဖြင့် အရေး နိမ့်သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သလို တတိယနေရာလုပွဲတွင်လည်း ထပ်မံအရေး နိမ့်သောကြောင့် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင်ကစားသမားနှစ်ဦး တွေ့ဆုံခဲ့ပြီး ဘုန်းမြင့်ကျော်ကို အနိုင်ရသည့်ကစားသမားမှာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။
မြန်မာ Pool ကစားသမား ဘုန်းမြင့် ကျော် (ခ) မောင်မောင် (ခ) အားတီသည် Ar K Club က ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ စတုတ္ထ နေရာသာရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၂ ရက် အထိ ကျင်းပခဲ့ပြီး ဘုန်းမြင့်ကျော်မှာ ၃၂ ဦး အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀၀ ကျော် ယှဉ်ပြိုင်ခဲ့သော ကြောင့် လက်ရည်စစ်ပွဲကို နှစ်ရက်ကြာကျင်းပခဲ့ပြီး တရုတ်လက်ရွေးစင်ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် တရုတ်ကစားသမားများသာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ပကစားသမားအဖြစ် ဘုန်းမြင့်ကျော်တစ်ဦးတည်း ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲမှာ 8 Ball ပြိုင်ပွဲဖြစ်သော်လည်း 9 Ball ကစားသည့်ခုံဖြင့် ယှဉ်ပြိုင်ရသောကြောင့် ပြိုင်ပွဲဝင်ကစားသမားများ အခက်တွေ့သည့်ပြိုင်ပွဲဖြစ်ခဲ့ပြီး ဘုန်းမြင့်ကျော်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိသာ အမြင့်ဆုံး တက်ရောက်နိုင်ခဲ့သည်။
ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်၊ ၁၆ ဦးအဆင့်နှင့် ကွာတား ဖိုင်နယ်အဆင့်တွင် အခက်အခဲမရှိ အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင်မူ တရုတ်လက် ရွေးစင်ကစားသမားကို ၉-၁၁ ပွဲဖြင့် အရေး နိမ့်သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သလို တတိယနေရာလုပွဲတွင်လည်း ထပ်မံအရေး နိမ့်သောကြောင့် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် တရုတ်လက်ရွေးစင်ကစားသမားနှစ်ဦး တွေ့ဆုံခဲ့ပြီး ဘုန်းမြင့်ကျော်ကို အနိုင်ရသည့်ကစားသမားမှာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲမှာ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် ပွဲငယ် ၂၁ ပွဲသာ ယှဉ်ပြိုင်ကစားရပြီး ၁၁ ပွဲ အနိုင်ရသည့်ကစားသမား နိုင်ပွဲရရှိခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲမှာ Ar K Club က ကျင်းပသည့်ပြိုင်ပွဲဖြစ်သောကြောင့် ဆုကြေးငွေ မြင့်မားခြင်းမရှိဘဲ ဆုကြေးအဖြစ် ပထမဆု မြန်မာငွေ ကျပ်သိန်း ၆၀၊ ဒုတိယဆု မြန်မာ ငွေ ကျပ်သိန်း ၂၀၊ တတိယဆု မြန်မာငွေ ကျပ် ၁၀ သိန်း၊ စတုတ္ထဆု မြန်မာငွေကျပ် လေးသိန်းနှင့် ညီမျှသည့်ပမာဏသာ ချီးမြှင့်ခဲ့သည်။ Ar K Club သည် ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားပြီး တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့် နှစ်နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော်လည်း အုပ်စုနောက်ဆုံးပွဲကစားရမည့်ရက် လိုသေးသဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ဘုန်းမြင့်ကျော်သည် ဧပြီလမှစတင်ကာ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး Chinese 8 Ball ပြိုင်ပွဲမတိုင်မီ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် 8 Ball ပြိုင်ပွဲနှစ်ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ယခုလတွင်လည်း ဟန်ကျိုးမြို့၌ ကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲသုံးခုတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း တတိယတစ်ကြိမ်၊ စတုတ္ထတစ်ကြိမ်ရခဲ့ပြီး ကျန်ပြိုင်ပွဲတစ်ခုတွင်မူ ၁၆ ဦး အဆင့်မှ ထွက်ခဲ့ရသည်။ ဘုန်းမြင့်ကျော်သည် မေ ၃၁ ရက်တွင် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် အုပ်စုနောက်ဆုံးပွဲအဖြစ် တရုတ်ကစားသမား ချူဘင်ဂျီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ အုပ်စုပွဲအားလုံး ရာနှုန်းပြည့်အနိုင်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
