Top News

လီဂူးပြိုင်ပွဲအတွက် ပြန်စဉ်းစားပေးရန် လိုင်ယွန်အသင်း ထပ်မံအရေးဆို
24htopnews | December 28, 2024 11:12 PM CST

အောလက်စ်သည် ပြင် သစ်ဝန်ကြီးချုပ်နှင့်အတူ ပြင်သစ်အားကစားဝန်ကြီးထံသို့လည်း စာရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာထဲ၌ ပြင်သစ်ကလပ်အသင်းများ၏ ဆုံးရှုံးနစ်နာမည့် ငွေကြေးပမာဏကို တွက်ချက်ဖော်ပြခဲ့သလို၊ ဥရောပ ထိပ်တန်းလိဂ်(၇)ခုထဲ၌ ဖျက်သိမ်းခဲ့ ရသည့် တစ်ခုတည်းသောလိဂ် ဖြစ်ခဲ့ရခြင်းမှာ သိက္ခာကျစရာဖြစ်သည်ဟုလည်း ရေးသားခဲ့သည်။ 

ပြင်သစ်ကလပ် လိုင်ယွန်အသင်းသည် လီဂူးပြိုင်ပွဲ ဖျက်သိမ်းခဲ့ရခြင်းကြောင့် ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုများအတွက် ဆက်လက်အရေးဆိုနေဆဲဖြစ်ပြီး ယင်းအခြေအနေအပေါ် ပြန်လည်စဉ်းစားပေးရန် ပြင်သစ်ဝန်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့ကြောင်း သိရသည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ အောလက်စ်သည် ပြင်သစ်ဝန်ကြီးချုပ် အက်ဒိုယာဖီလစ်ထံ စာရေးသားပေးပို့ကာ ပြင်သစ်လီဂူးပြိုင်ပွဲအား ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းမှာ စောလွန်းကြောင်းနှင့် ပြန်လည်စတင်ရန် စဉ်းစားသင့်ကြောင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အောလက်စ်သည် ပြင် သစ်ဝန်ကြီးချုပ်နှင့်အတူ ပြင်သစ်အားကစားဝန်ကြီးထံသို့လည်း စာရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာထဲ၌ ပြင်သစ်ကလပ်အသင်းများ၏ ဆုံးရှုံးနစ်နာမည့် ငွေကြေးပမာဏကို တွက်ချက်ဖော်ပြခဲ့သလို၊ ဥရောပ ထိပ်တန်းလိဂ်(၇)ခုထဲ၌ ဖျက်သိမ်းခဲ့ ရသည့် တစ်ခုတည်းသောလိဂ် ဖြစ်ခဲ့ရခြင်းမှာ သိက္ခာကျစရာဖြစ်သည်ဟုလည်း ရေးသားခဲ့သည်။ 

ထို့ပြင် ဇွန်လ၌ ပြန်လည်လေ့ကျင့်ပြီး ဇူလိုင် (သို့) သြဂုတ်လတွင် ပြိုင်ပွဲပြန်စ၍ ရနိုင်သေးသည်ဟုလည်း ရေးသားခဲ့ကြောင်း သိရသည်။ အောလက်စ်သည် ယခုတောင်းဆိုမှု မအောင်မြင်ခဲ့ပါက ပြင်သစ်နိုင်ငံ၏ အမြင်ဆုံးတရားရုံးအထိတက်ကာ ၎င်းတို့၏နစ်နာဆုံးရှုံးမှုများအတွက် တရားစွဲဆိုရန် စီစဉ်နေကြောင်းလည်း သိရသည်။

READ NEXT
Cancel OK