ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကိုပါအမေရိကပြိုင်ပွဲအား ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းကို အလွန်စိတ်ပျက်မိကြောင်း မက်ဆီက ဝန်ခံခဲ့သည်။
ကိုပါအမေရိကပြိုင်ပွဲကို အာဂျင်တီးနားနှင့် ကိုလံဘီယာနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ယခုနှစ် ဇွန် (၁၂) ရက်မှ ဇူလိုင် (၁၂)ရက်အထိ ကျင်းပရန်စီစဉ်ထားသော်လည်း ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။
မက်ဆီက ''ကိုပါအမေရိကပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တဲ့အတွက် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီပြိုင်ပွဲက ဒီနှစ်မှာ ကျွန်တော့်ရဲ့ အဓိကပွဲဖြစ်ပြီး ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ခံရခက်ပါတယ်။ ဒါပေမဲ့ လိုအပ်လို့လုပ်တာဖြစ်လို့ နားလည်ပါတယ်''ဟု ဆိုခဲ့သည်။
မက်ဆီသည် ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ (၅) ကြိမ်ပါဝင်ခဲ့ပြီး ဗိုလ်လုပွဲ (၃)ကြိမ်တက်ခဲ့သော်လည်း ဒုတိယသာ ရရှိခဲ့သည်။
၎င်းအနေဖြင့် (၆)ကြိမ်မြောက်ယှဉ်ပြိုင်မည့် ကိုပါအမေရိကပြိုင်ပွဲ ကျင်းပချိန်တွင် အသက်(၃၄)နှစ်ပြည့်လုနီးပါး ဖြစ်နေမည်ဖြစ်သည်။
မက်ဆီသည် လာမည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် သူ၏နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
