အသက် (၂၂)နှစ်အရွယ်ရှိသူ မိန့်လန်းနိုင်းစ် သည် လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာ၏လက်အောက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ (၅)ပွဲ သာ ပွဲထွက်ခွင့်ရရှိခဲ့သည်။
အာဆင်နယ်အသင်း၏ လူငယ်ကစားသမားတစ်ဦးဖြစ်သူ အင်္ဂလန်ယူ-၂၁ တောင်ပံ ကစားသမားဟောင်း မိန့်လန်းနိုင်းစ်သည် အသင်းအားစွန့်ခွာတော့မည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Athletic ကဖော်ပြခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိသူ မိန့်လန်းနိုင်းစ် သည် လက်ရှိအာဆင်နယ်အသင်းနည်းပြ အာတီတာ၏လက်အောက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ (၅)ပွဲ သာ ပွဲထွက်ခွင့်ရရှိခဲ့သည်။
ယခင်နည်းပြ အူ နိုင်းအမ်မရီ၏လက်အောက်တွင် တစ်ရာသီ အတွင်း ပွဲ(၃၀)အထိကစားခွင့်ရရှိခဲ့သော မိန့်လန်းနိုင်းစ်သည် အာတီတာ၏လက်အောက်တွင် မကစားလိုတော့ဘဲ လာမည့်နွေရာသီ၌ အသင်းပြောင်းရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း The Athletic ကဖော်ပြခဲ့သည်။
မိန့်လန်းနိုင်းစ်သည် အာဆင်နယ်အသင်းတွင် အသက် (၆)နှစ်အရွယ်ကတည်းက လူငယ်ကစားသမားအဖြစ် ကစားခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
