နိုင်ငံခြားငွေအခက်အခဲကြောင့် Ertiga Hybrid နှင့် လုပ်ငန်းသုံး Carry pro များကို အရေအတွက်အနည်းငယ်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း ဆူဇူကီးမြန်မာမှ သိရသည်။
" Suzuki အနေဖြင့် မော်တော်ကားများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းအစိတ်အပိုင်းများ ဝယ်ယူရန် နိုင်ငံခြားငွေလိုအပ်ချက် အခက်အခဲများရှိနေသေးသောကြောင့် လုပ်ငန်းသုံး Carry Pro နှင့် Ertiga Smart Hybrid ကားမော်ဒယ်လ်ကိုသာ အရေအတွက်အနည်းငယ်ဖြင့် ပြန်လည်ထုတ်လုပ်လျက်ရှိပါတယ် " ဟု ဆူဇူကီးမြန်မာက ပြောကြားသည်။
အသစ်ထုတ်လုပ်မည့် Ertiga Smart Hybrid Model အား အနည်းငယ်သာထုတ်လုပ်နိုင်မည်ဖြစ်ပြီး စျေးနှုန်းကို တရားဝင်သတ်မှတ်ပေးထားကြောင်း၊ Ertiga Smart Hybrid အား အခွန်နှင့် လိုင်စင်ကြေးမပါသေးဘဲ ကျပ်သိန်း ၁၀၅၀ သတ်မှတ်ပေးထားကြောင်း၊ ဆူဇူကီး၏ ကားအရောင်းပြခန်း ကိုယ်စားလှယ်များထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ Ertiga Smart Hybrid မှာ အရေအတွက်အနည်းငယ်ဖြင့်သာ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ကြိုတင်မှာယူမှုများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း ဆူဇူကီးမြန်မာမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
