မြစ်ငယ်-ထုံးဘိုတိုးဂိတ် (မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်) တွင် လူ၂၀ ခန့်က ဝင်ရောက် ထိုးကြိတ်ရာ ဝန်ထမ်း ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးစည်ပင် ရဲတပ်ဖွဲ့မှ ဇန်နဝါရီ၂၀ ရက်က သတင်းရရှိသည်။
ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီက မြစ်ငယ်-ထုံးဘိုတိုးဂိတ် (မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်) တွင် ဝန်ထမ်းများအား ဂျူတီချိန်းရန် ပြင်ဆင်နေချိန် မြစ်ငယ်ဘက်မှ မန္တလေးမြို့ဘက်သို့ အမည်မသိ အမျိုးသားသုံးဦး စီးနင်းလာသော ထော်လာဂျီမှာ တိုးဂိတ် LANE-3 သို့ ဝင်ရောက်လာပြီး ဂိတ်မှ ကားလမ်းကြောင်း လွှဲပေးနေသော ဝန်ထမ်းနှစ်ဦးတို့က လမ်းကြောင်းလွှဲနေကြောင်း ပြောသည်ကို မကျေနပ်၍ ဆဲဆိုကာ ထော်လာဂျီယာဉ်ဖြင့် တိုက်ခဲ့သည့်အပြင် ၎င်းတို့နှင့်အတူ အလှူလှည့်ရာတွင် ပါဝင်သော အမည်မသိ လူ ၂၀ ခန့်က တာဝန်ကျ တိုးဂိတ်ဝန်ထမ်းများအား ထိုးကြိတ်ခဲ့ခြင်း၊ တိုးဂိတ်ရှိ LANE-6 Tollbooth နှင့် တိုးဂိတ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တပ်ဆင်ထားသော မှန်များအား ခဲနှင့်ထုခြင်း၊ ရုံးခန်းတံခါးအား ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်ပြီး မှန်ခုနစ်ချပ်၊ စတီးတံခါးတစ်ခု၊ ပန်းအိုးသုံးလုံး၊ အမှိုက်ပုံးနှစ်လုံး၊ ငွေထည့်သည့် ပလတ်စတစ်ပုံး တစ်လုံး၊ ဂျူတီချိန်းရန် ပိုက်ဆံပုံးကိုင်ပြီး ပြန်လာသော ဝန်ထမ်းအား ၀ိုင်းဝန်းထိုးကြိတ်ပြီး ပိုက်ဆံပုံးအား ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဝန်ထမ်းများ နာကျင်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။
“မြစ်ငယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ တရားခံဖမ်းဖို့အတွက် သူတို့ဘက်က ဆက်လုပ်မှာပါ။ ပိုက်ဆံပါသွားတာက ၁၀၄၇၀၀ ရယ်။ ဆုံးရှုံးမှုတန်ဖိုးက ၃၈၈၀၀၀ ပါ။ ဒဏ်ရာရရှိသူက ၁၂ ယောက်ပါ” ဟု ရဲမှူးငြိမ်းချမ်းအောင် (မန္တလေးစည်ပင်သာယာရဲတပ်ဖွဲ့) က ပြောကြားသည်။
နယ်မြေရဲစခန်း(မြစ်ငယ်)မှ အမည်မသိလူ ၂၀ ခန့်အား (ပ)၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၃၃၂/၄၄၀/၁၁၄ နှင့် (ပ) ၃၁/၂၀၂၀၊ ပပက ၆(၁)/၉ အရ အမှုဖွင့်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
