Top News

ဂါဇာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးသေဆုံး
24htopnews | December 29, 2024 12:12 PM CST

ဒီဇင်ဘာ ၂၆ ရက်က ဂါဇာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လက်နက်ကိုင်များနှင့် ဆက်နွှယ်သည့် ရုပ်သံထုတ်လုပ်ရေးမှ သတင်းထောက်များအပါအဝင် လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

သေဆုံးသူများတွင် မြောက်ဂါဇာရှိ နောက်ဆုံး လုပ်ငန်းလည်ပတ်နေသော ဆေးရုံများမှတစ်ရုံရှိ ဝန်ထမ်းငါးဦး သေဆုံးခဲ့သည်ဟု ဆေးရုံညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦး၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ်ဦး၊ လူနာတင်ယာဉ် ဝန်ထမ်းနှစ်ဦးနဲ့ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦး စုစုပေါင်းငါးဦး သေဆုံးခဲ့ပါတယ်”ဟု ကာမယ်အက်ဒ်ဝမ် ဆေးရုံအကြီးအကဲ ဟော့ဆမ်အဘူဆာဖီရာက ဆိုသည်။

အစ္စရေးစစ်တပ်က မှတ်ချက်ပြု ပြောကြားထားခြင်းမရှိပေ။ အစ္စရေးသည် အောက်တိုဘာ ၆ ရက်ကတည်းက ဂါဇာမြောက်ပိုင်းကို အဓိကထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဟားမာ့စ်လက်နက်ကိုင်များ အဖွဲ့ပြန်လည်ဖွဲ့စည်းမည့်အရေးကို ဟန့်တားရန်ရည်ရွယ်၍ ယင်းကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံမှ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ အအေးဒဏ်ကြောင့် ကလေးငယ်သုံးဦး အပူချိန်ပြင်းပြင်းထန်ထန် ကျဆင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။

Ref:AFP                                                  

 


READ NEXT
Cancel OK