လာလီဂါပြိုင်ပွဲသမိုင်း၏ အမှတ်ပေးချန်ပီယံဆုအအောင်မြင်ဆုံးကစားသမားမှာ ရီးယဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့်ဂျန်တိုဖြစ်ပြီး လာလီဂါချန်ပီယံဆုကို (၁၂)ကြိမ်အထိရယူထားနိုင်ခဲ့သည်။
ဘာစီလိုနာအသင်း၏တိုက်စစ်မှူးမက်ဆီသည် ယခုရာသီအသင်းနှင့်အတူ လာလီဂါချန်ပီယံဆုကိုဆွတ်ခူးပြီး ကစားသမားဘဝ (၁၀) ကြိမ်မြောက်အမှတ်ပေးချန်ပီယံဆုကိုရယူသွားရန် အလိုရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီသည် ၂၀၀၄-၀၅ ဘောလုံးရာသီမှစတင်ကာ ဘာစီလိုနာအသင်းအတွက်ကစားပေးခဲ့ပြီး လက်ရှိအချိန်အထိ (၁၅)ရာသီအတွင်း လာလီဂါအမှတ်ပေးချန်ပီယံဆုကို (၉) ကြိမ်အထိ ရယူထားနိုင်ခဲ့သည်။
မက်ဆီအနေဖြင့် လက်ရှိလာလီဂါတွင် ချန်ပီယံဆုအများဆုံးရရှိသည့်ကစားသမားအဖြစ် အသင်းဖော်ဟောင်း အင်နီယေစတာ (၉ကြိမ်)နှင့်အတူ တတိယနေရာ၌ ပူးတွဲရပ်တည်နေသည်။
လာလီဂါပြိုင်ပွဲသမိုင်း၏ အမှတ်ပေးချန်ပီယံဆုအအောင်မြင်ဆုံးကစားသမားမှာ ရီးယဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့်ဂျန်တိုဖြစ်ပြီး လာလီဂါချန်ပီယံဆုကို (၁၂)ကြိမ်အထိရယူထားနိုင်ခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လာလီဂါအမှတ်ပေးချန်ပီယံဆုရယူရန် နီးစပ်နေသောကြောင့် မက်ဆီ၏ (၁၀) ကြိမ်မြောက်အမှတ်ပေးချန်ပီယံဆုအိပ်မက်မှာ ပြည့်ဝဖွယ်ရှိနေသည်။
ဥရောပတွင် အမှတ်ပေးချန်ပီယံဆု အအောင်မြင်ဆုံးကစားသမားများထဲတွင် မန်ယူဂန္ထဝင်ကွင်းလယ်လူဟောင်း ရိုင်ယန်ဂစ်က (၁၃) ကြိမ်၊ မန်ယူကွင်းလယ်လူဟောင်းပင်ဖြစ်သည့် ပေါလ်စခိုးလ်က (၁၂)ကြိမ်၊ နောက်ထပ်မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က (၁၂)ကြိမ်၊ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမားဟောင်း ဂျန်တိုက (၁၂)ကြိမ်၊ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း ပီရာရီက (၁၀)ကြိမ်ဖြင့် အစဉ်လိုက်ရပ်တည်နေကြသည်။
မက်ဆီအနေဖြင့် ယခုရာသီတွင် လာလီဂါချန်ပီယံဆုကို (၁၀)ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါက ဘာစီလိုနာအသင်း၏ အမှတ်ပေးဆုဖလားအများဆုံးရကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
