မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူမည်ဟု သတင်းများထွက်ခဲ့သော်လည်း ၄င်းအစားဆန်ချိုကိုကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရသည်။
မန်ယူအသင်းသည် ဒေါ့မွန်အသင်းလူငယ်တောင်ပံကစားသမား ဆန်ချိုအား ခေါ်ယူရန်စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ကနဦးက နာမည်ကျော်ဝါရင့်ကစားသမားများကို ခေါ်ယူရန်စီစဉ်ခဲ့သော်လည်း ယခုအခါ အသင်း၏အနာဂတ်ကို လူငယ်ကစားသမားများဖြင့် တည်ဆောက်ရန် ဆန္ဒရှိနေပြီး လူငယ်ကစားသမား (၃)ဦးကို ခေါ်ယူရန်ပစ်မှတ်ထားလာခြင်းဖြစ်သည်။
မန်ယူအသင်းပစ်မှတ်ထားနေသည့် ယင်းကစားသမား (၃)ဦးမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်၊ ချယ်လ်ဆီးတောင်ပံကစားသမား အိုဒွိုင်းနှင့် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုတို့ဖြစ်ကြောင်း Daily Star က ဖော်ပြခဲ့သည်။
အသက် (၁၉)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်းနှင့်အတူတောက်ပလာသည့် လူငယ်ကစားသမားဖြစ်ပြီး ၄င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းကလပ်အသင်းများက စိတ်ဝင်စားနေကြောင်းသိရသည်။
မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူမည်ဟု သတင်းများထွက်ခဲ့သော်လည်း ၄င်းအစားဆန်ချိုကိုကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ဥရောပတွင် ထွန်းတောက်နေသည့် ဆန်ချိုကိုခေါ်ယူမည်ဆိုပါက အနည်းဆုံးပေါင်သန်း (၇၀) အထိအသုံးပြုရမည်ဖြစ်ကြောင်းလည်း Daily Star က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
