ဗာရက်တီက ပြင်သစ်တွင် ပျော်ရွှင်နေကြောင်းနှင့် PSG အသင်းက အလိုမရှိတော့မှသာလျှင် အသင်းမှထွက်ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
PSG အသင်းကွင်းလယ်လူ ဗာရက်တီက မိမိအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ အီတလီကွင်းလယ်လူ ဗာရက်တီကို ပရီးမီးယားလိဂ်ထိပ်သီးများနှင့် ဥရောပထိပ်တန်းအသင်းကြီးများက ခေါ်ယူရန်စိတ်ဝင်နေကြပြီး PSG အသင်းကလည်း ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
ဗာရက်တီက ပြင်သစ်တွင် ပျော်ရွှင်နေကြောင်းနှင့် PSG အသင်းက အလိုမရှိတော့မှသာလျှင် အသင်းမှထွက်ဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗာရက်တီက "ဘာမှ ထူးဆန်းတာတွေဖြစ်မလာဘူးဆိုရင်တော့ PSG အသင်းမှာပဲ ကျွန်တော် ရှိနေမှာပါ။ တကယ်လို့ အသင်းက ကျွန်တော့်ကို မင်းကိုမလိုတော့ဘူး။ မင်းထွက်သွားတော့လို့ မပြောလာဘူးဆိုရင် နောက်ရာသီ PSG အသင်းမှာပဲ ကျွန်တော် ဆက်ရှိနေမှာပါ"ဟု ပြောကြားခဲ့သည်။
ဗာရက်တီသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ပက်စ်ကာရာအသင်းမှ PSG အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၇၁) ပွဲအထိ ကစားထားသူဖြစ်သည်။
ဗာရက်တီသည် PSG အသင်းနှင့်အတူ လီဂူးချန်ပီယံဆု (၅) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၂၀) အထိ ရယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
