Top News

ဂရီးဇ်မန်းနှင့် အိုဘလက််ခ်တို့ကို အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း ဆီမြွန်နီ ပြောကြား
24htopnews | December 29, 2024 3:12 PM CST

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်း၏အဓိကကစားသမားဖြစ်သည့် ဂရီးဇ်မန်းနှင့် အိုဘလက်ခ်တို့ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်း၏အဓိကကစားသမားဖြစ်သည့် ဂရီးဇ်မန်းနှင့် အိုဘလက်ခ်တို့ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းမှာ ဘာစီလိုနာ၊ မန်ယူ၊ PSG အသင်းတို့၏ စိတ်ဝင်စားခြင်းကိုခံနေရပြီး လာမည့်နွေရာသီတွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာသွားဖွယ်ရှိနေသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ 

သို့သော် ဆီမြွန်နီက ဆယ်လ်တာဗီဂိုအား (၂-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ဂရီးဇ်မန်းအနေဖြင့် အက်သလက်တီကိုအသင်းကို စွန့်ခွာသွားမည်ဟုမထင်ကြောင်း ပြောကြားခဲ့သည်။ 

ဆီမြွန်နီက “ ဂရီးဇ်မန်းက ကျွန်တော်တို့အသင်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးပါ။ အသင်းက သူ့ကိုဆက်ထိန်းထားနိုင်ဖို့ အများကြီးကြိုးစားခဲ့ပါတယ်။ လက်ရှိမှာ ဂရီးဇ်မန်းဟာ အသင်းမှာ ပျော်ရွှင််နေပါတယ်။ သူဟာ ဒီအသင်းအတွက် အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်ပြီး သူ့အနေနဲ့ အသင်းက ထွက်ခွာစရာအ ကြောင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် ဆီမြွန်နီက အသင်းတွင် လက်စွမ်းပြနေသည့် အိုဘလက်ခ်မှာလည်း ဥရောပအသင်းကြီးများ၏ စိတ် ဝင်စားခြင်းကို ခံနေရသော်လည်း အသင်းတွင် ဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက  “အိုဘလက်ခ်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါ။ ကျွန်တော်တို့ဆီမှာ ကစားဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူ့ကို အလွန်ကျေးဇူးတင်ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့အသင်း ဂုဏ်တက်ရသလို သူ့အနေနဲ့လည်း ဒီအသင်းမှာအများကြီးတိုးတက်လာပါတယ်” ဟု ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ဂိုးသမားအိုဘလက်ခ်အား လစာတိုးပေးကာ နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်းသိရသည်။


READ NEXT
Cancel OK