မန်ယူအသင်းသည် အဲရစ်ဆင်ကို စပါးအသင်းတွင် ရရှိနေသည့် တစ်ပတ်လစာ ပေါင်(၈၀၀၀၀)၏ (၃) ဆဖြစ်သည့် ပေါင် (၂၄၀၀၀၀)အထိ ပေးချေပြီး ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် စပါးကွင်းလယ်လူ အဲရစ်ဆင်အား တစ်ပတ်လစာ ပေါင် (၂၄၀၀၀၀)ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။
အသက်(၂၇)နှစ််အရွယ်ရှိ ဒိန််းမတ်ကွင်းလယ်လူ အဲရစ်ဆင်သည် စပါးအသင်းနှင့် ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စပါးအသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးပေ။
ထို့ကြောင့် မန်ယူအသင်းသည် အဲရစ်ဆင်ကို စပါးအသင်းတွင် ရရှိနေသည့် တစ်ပတ်လစာ ပေါင်(၈၀၀၀၀)၏ (၃) ဆဖြစ်သည့် ပေါင် (၂၄၀၀၀၀)အထိ ပေးချေပြီး ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် လာမည့်ရာသီတွင် အသင်းကို တည်ဆောက်မှုများပြုလုပ်သွားမည်ဖြစ်သလို အသင်း၏ အဓိကကွင်းလယ်လူ ပေါ့ဂ်ဘာကိုလည်း အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
အဲရစ်ဆင်သည် ၂၀၁၃ ခုနှစ်က အေဂျက်ဇ်အသင်းမှ စပါးအသင်းသို့ ပေါင် (၁၁.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၆၆)ပွဲတွင် (၆၄)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
ရာသီကုန်တွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အဲရစ်ဆင်ကို မန်ယူအသင်းအပြင် ဥရောပထိပ်တန်းအသင်းကြီိး များဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် PSG အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုကမူ မိမိတို့အနေဖြင့် အသင်းကွင်းလယ်လူ အဲရစ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
