Top News

ယခုရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဟု ဘာဇာဂလီ ကြေညာ
24htopnews | December 29, 2024 3:12 PM CST

ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ ဘာဇာဂလီက မိမိအနေဖြင့် ယခုရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ဧပြီလ (၁၄) ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်နောက်ခံလူ ဘာဇာဂလီက မိမိအနေဖြင့် ယခုရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ဧပြီလ (၁၄) ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အသက် (၃၇) နှစ်အရွယ်ရှိ ဘာဇာဂလီက ဘောလုံးကစားခြင်းမှာ မိမိ၏ငယ်ဘဝအိပ်မက်ဖြစ်ကြောင်းနှင့် အနားယူပြီးပါက စိတ်အားထက်သန်သည့်အလုပ်များကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘာဇာဂလီက "အနာဂတ်အကြောင်း ကျွန်တော် အများကြီးတွေးဖြစ်ပါတယ်။ အခုအချိန်က ကစားသမားဘဝက အနားယူဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဘောလုံးသမားဘဝက အနားယူရင် ကျွန်တော် ဘာလုပ်ရမယ်၊ ဘာလုပ်နိုင်တယ်ဆိုတာကို သိသွားပါပြီ။ ဘောလုံးကစားတာက ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်ဖြစ်ပြီး ဒါကို အမြဲတမ်း ကျွန်တော် နှစ်သက်ခဲ့ပါတယ်။ အခုအချိန်ကတော့ ကျွန်တော့်အနေနဲ့ စိတ်ခံစားမှုရှိတဲ့ အလုပ်တွေကို လုပ်ကိုင်သွားရမယ့် အချိန်ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဘာဇာဂလီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၁၉၉၈ ခုနှစ်တွင် အီတလီကလပ် ရွန်ဒီနယ်လာအသင်းနှင့်အတူ စတင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကိုမူ ၂၀၁၁ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းမှ ရောက်ရှိလာခဲ့သည်။

ဘာဇာဂလီသည် ကစားသမားဘဝတွင် ကလပ်ပေါင်း (၉) သင်းအထိ ကစားထားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု (၇) ကြိမ်အပါအဝင် ပြည်တွင်းဆုဖလားများရရှိခဲ့သလို၊ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ဘာဇာဂလီသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပြိုင်ပွဲစုံ (၉) ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။


READ NEXT
Cancel OK