■ ခရစ္စတယ်ပဲလေ့စ် ၁-၃ မန်စီးတီး
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်ပွဲကျပ်နေချိန်မှာ မန်စီးတီးဟာ အဝေးကွင်းမှာ ပဲလေ့စ်ကို အနိုင်ကစားပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
မန်စီးတီးကို ပထမအကျော့က အဝေးကွင်းမှာ အံ့အားသင့်ဖွယ်အနိုင်ကစားခဲ့တဲ့ ပဲလေ့စ်ရဲ့ ပွဲထွက်စာရင်းမှာ ဘန်တီကီ၊ ဇာဟာ၊ တောင်ဆန်တို့နဲ့ လူစုံခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးကလည်း စပါးနဲ့ ချန်ပီယံလိဂ်ကစားရဖို့ရှိပေမယ့် ပဲလေ့စ်ကို အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်ခဲ့တာပါ။ မန်စီးတီးရဲ့ ၄-၂-၃-၁ ကစားကွက်မှာ အဂွဲရိုးကို အထောင်ထားပြီး တောင်ပံနှစ်ဖက်မှာတော့ ဆာနေးနဲ့ စတာလင်တို့ပွဲထွက်ခဲ့ကာ ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ မန်ဒီ၊ ဂွန်ဒိုဂန်တို့နဲ့ လူစုံခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ပဲလေ့စ်အသင်းကို သတိထားကာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားခဲ့ပြီး ဂိုးရဖို့ တစ်ဆင့်ချင်းစိတ်ရှည်ရှည်နဲ့ ကြိုးစားကစားခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးတို့ အဖွင့်ဂိုးရဖို့ သိပ်ကြာကြာမစောင့်လိုက်ရပါဘူး။
ပွဲချိန် (၁၅) မိနစ်မှာ ကွင်းလယ်ကနေ ဒီဘရိုင်းနား မျောထိုးပေးတာကို စတာလင်က ပဲလေ့စ်ကစားသမားတွေနဲ့အပြိုင်ပြေးပြီး ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ဖန်တီးခဲ့တဲ့ ဒီဘရိုင်းနားအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၁၈ ခုနှစ်၊ မေလနောက်ပိုင်း ၃၃၆ ရက်အကြာမှာ ပထမဆုံးဂိုးဖန်တီးမှုဖြစ်ခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ ပဲလေ့စ်တို့ ခပ်မာမာနဲ့ မန်စီးတီးခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးကစားပြီး ပွဲ Tempo ကို လိုသလို ထိန်းကစားခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း မန်စီးတီးဟာ ဘောလုံးကို ကိုင်ကစားသလို ဂိုးတွေရဖို့လည်း ထိုးဖောက်ခဲ့ပါတယ်။ ပဲလေ့စ်ကလည်း မန်စီးတီးကို အကောင်းဆုံးပြန်ခုခံပြီး တန်ပြန်တိုက်စစ်တွေကနေ မန်စီးတီးခံစစ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ပိုမိုရရှိခဲ့ကြပြီး ပွဲချိန် (၆၃) မိနစ်မှာတော့ ဆေးလ်ဗား၊ ဆာနေးတို့ရဲ့ တွဲလုံးကနေ ဆာနေး ထိုးပေးတာကို စတာလင်က အသာအယာကန်သွင်းပြီး မန်စီးတီးအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဆာနေးဟာ ဒီရာသီပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု (၁၇) ကြိမ်အထိ ရှိလာခဲ့ပြီး ဒီပမာဏက ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ အများဆုံးဖြစ်ပါတယ်။
(၂) ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ပဲလေ့စ်အသင်းဟာ အိမ်ကွင်းမှာ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပြီး အထူးသဖြင့် ဇာဟာက မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ပွဲချိန် (၈၁) မိနစ်မှာတော့ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။ ဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို မီလီဗိုယီဗစ်က တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးတွေထပ်ရဖို့ ကြိုးစားခဲ့ကြပြီး ဂိုးထပ်ရသွားကတော့ မန်စီးတီးအသင်းပဲ ဖြစ်ပါတယ်။ မန်စီးတီးအတွက် နောက်ဆုံးဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒီဘရိုင်းနား ချပေးတာကို လူစားဝင်တိုက်စစ်မှူး ဂျေးဆူက ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့အနေအထားကနေ အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းဟာ ပွဲကို ထိန်းကစားပြီး ပဲလေ့စ်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ယူကာ လီဗာပူးလ်နဲ့ ပွဲတူအနေအထားမှာ (၁) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ချယ်လ်ဆီးရဲ့ ပွဲကျပ်ကစားရမယ့် လီဗာပူးလ်ကို ဖိအားဝင်စေခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
