ကိုဗက်က လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့သည် ၎င်းတို့၏အပြုအမူများအတွက် တောင်းပန်ခဲ့ကြပြီး အဆိုပါပြဿနာမှာ ဖြေရှင်းပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က လေ့ကျင့်ရေးကွင်းတွင် ရန်ဖြစ်ခဲ့ကြသည့် လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့ကို အရေးယူမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် တောင်ပံကစားသမား ကိုးမန်းတို့သည် ဧပြီလ (၁၁) ရက်နေ့က ပြုလုပ်ခဲ့သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် စကားများပြီး တစ်ဦးနှင့် တစ်ဦး ကိုယ်ထိလက်ရောက်ထိုးကြိတ်ခဲ့ကြကြောင်း သိရသည်။
၎င်းတို့နှစ်ဦး၏ ရန်ပွဲကို အသင်းဖော်များက ဝင်ရောက်ဖျန်ဖြေခဲ့ရပြီး နည်းပြ ကိုဗက်က ကစားသမားနှစ်ဦးကို ခေါ်ကာ စကားပြောခဲ့ကြောင်း သိရသည်။
ကိုဗက်က လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့သည် ၎င်းတို့၏အပြုအမူများအတွက် တောင်းပန်ခဲ့ကြပြီး အဆိုပါပြဿနာမှာ ဖြေရှင်းပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကိုဗက်က "လီဝန်ဒေါစကီး၊ ကိုးမန်းတို့နဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ ကစားသမားတွေက သူတို့ရဲ့အပြုအမူအတွက် တောင်းပန်ကြပါတယ်။ ပြဿနာက ဖြေရှင်းပြီး ပြေလည်မှုရသွားဖြစ်လို့ သူတို့ကို ဒဏ်ရိုက်တာမျိုး လုပ်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် ဒေါ့မွန်အသင်းနှင့်အပြိုင်ဖြစ်နေချိန်၌ ယခုကဲ့သို့ အသင်းကစားသမားများပြဿနာပေါ်ပေါက်ခဲ့ခြင်းမှာ အသင်းအပေါ် များစွာထိခိုက်နိုင်သည်ဟု ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
