
COVID-19 ကူးစက်မှုကြောင့် မတ် ၁၈ ရက်တွင် အင်ဒိုနီးရှား၌ သေဆုံးသူ ၁၄ ဦးထပ်တိုးလာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၉ ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထပ်တိုးလာသော သေဆုံးသူအရေအတွက်သည် အင်ဒိုနီးရှားနိုင်ငံ၌ တစ်နေ့တည်းတွင် လူသေဆုံးမှု အများဆုံးရှိခဲ့သည်ကို ပြသနေသော ပမာဏဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြို့တော်ဂျကာတာတွင် သေဆုံးသူစုစုပေါင်း ၁၂ ဦးထိရှိနေပြီး နိုင်ငံတစ်ဝန်းတွင် မတ် ၁၈ ရက်အထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၃၀ နီးပါးရှိနေသည်။
ပြန်လည်ကျန်းမာလာပြီဖြစ်သော ကူးစက်ခံရသူ ၁၁ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ရောဂါကူးစက်ပျံ့နှံ့မှုကို အာဏာပိုင်များက ခြေရာခံခြင်း၊ ပြည်သူလူထုက ကျန်းမာရေးစစ်ဆေးမှုခံယူရန် ဆန္ဒရှိခြင်းတို့ကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူများကို စစ်ဆေးတွေ့ရှိခဲ့ကာ ကူးစက်ခံရသူအရေအတွက်ကို အလျင်အမြန် မြင့်တက်လာစေခြင်း ဖြစ်ဖွယ်ရှိကြောင်း အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ယူရီယန်တိုက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်