
COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်ပြင်ပတွင် ကူးစက်၊ သေဆုံးမှု အဆိုးရွားဆုံးဖြစ်နေသော အီတလီ၌ ၂၄ နာရီအတွင်း လူ ၃၄၅ ဦး ထပ်မံသေဆုံးခဲ့သဖြင့် မတ် ၁၈ တွင် သေဆုံးသူ ၂၅၀၃ ဦးအထိ မြင့်တက်လာခဲ့သည်။ ယင်းအတွက်ကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား နိုင်နင်းစွာ ထိန်းချုပ်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် ဆေးကျောင်းသား ၁၀၀၀၀ အား ၎င်းတို့၏ နောက်ဆုံးစာမေးပွဲများကို ဖျက်သိမ်း၍ လုပ်ငန်းခွင် ဝင်စေရန် အလောတကြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
ကူးစက်မှုသည်လည်း ၂၇၉၈၀ မှုမှ ၃၁၅၀၆ မှုအထိ တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး တရုတ်ပြင်ပတွင် ကူးစက်မှု အများဆုံးဖြစ်ကြောင်း Civil Protection Agency က ထုတ်ပြန်ခဲ့သည်။
ထိုအကျပ်အတည်းသည် ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်သော အီတလီမြောက်ပိုင်းတွင် ဆေးရုံများအား အလွန်အမင်း ဝန်ပိသွားစေခဲ့ပြီး နိုင်ငံတစ်ဝန်း ကူးစက်မှုအရေအတွက် မြင့်တက်လာနေစဉ် ကျန်ဒေသများသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား အားကောင်းစေရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။
Lombardy သည် ပြိုလဲလုနီး အနေအထားဖြစ်နေပြီး အရေးပေါ်ကုသဆောင် ခုတင်အားလုံးနှင့် အသက်ရှူကိရိယာအားလုံး အသုံးပြုထားရကြောင်း ချမ်းသာသော ထိုဒေသအား အုပ်ချုပ်သော League ပါတီ ခေါင်းဆောင် မတ်တီယိုဆယ်ဗီနီက ပြောကြားခဲ့သည်။
မီလန်ပြည်နယ်တွင်လည်း ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှု ၃၄၃ မှုရှိခဲ့ပြီး စုစုပေါင်း ၂၃၂၆ မှုအထိ မြင့်တက်လာခြင်းကြောင့် အန္တရာယ်ရှိနိုင်သော အလားအလာ ရှိနေသည်။ Lombary တွင် ကူးစက်မှု ၁၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ချိန်၌ မီလန်တွင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကူးစက်ပျံ့နှံ့မှုကြောင့် လတ်တလောတွင် အီတလီ၏အဓိကမြို့ကြီးများ၌ သေဆုံးသူအရေအတွက်သည် အတော်အသင့် နည်းပါးသေးသော်လည်း လူဦးရေ ၁.၄ သန်း နေထိုင်ပြီး အီတလီ၏ ဘဏ္ဍာရေးမြို့တော် ဖြစ်သော မီလန်တွင် ယခုအခါ ကူးစက်မှု ၁၀၀၀ နီးပါး ရှိလာခဲ့ပြီဖြစ်သည်။
ယခုနှစ်တွင် ဆေးကျောင်းဘွဲ့ရကျောင်းသားများအား ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်ရန် ရှစ်လ သို့မဟုတ် ကိုးလမတိုင်မီ တာဝန်ထမ်းဆောင်ရန်နှင့် ပုံမှန်အတိုင်း မဖြစ်မနေ ဖြေဆိုရမည့်စာမေးပွဲများအား ကင်းလွတ်ခွင့်ပေးရန် အစိုးရက ခွင့်ပြုပေးလိမ့်မည်ဖြစ်ကြောင်း University Minister ဂတ်တာနိုမန်ဖရက်ဒီက ပြောကြားခဲ့သည်။
ပြီးခဲ့သောသုံးပတ်အတွင်း Lombardy တွင် အရေးပေါ်ကုသမှု ခံယူရန်လိုအပ်သူ ၁၁၃၅ ဦး ရှိခဲ့သော်လည်း ယင်းဒေသတွင် အရေးပေါ်ကုသရေးဆောင် ခုတင် ၈၀၀ ဝန်းကျင်သာ ရှိခဲ့ကြောင်း မီလန်၏ clinico ဆေးရုံ၏ အရေးပေါ်ကုသရေးစင်တာ အကြီးအကဲ Giacomo Grasselli က ပြောကြားခဲ့သည်။ Fiera Milano ပြပွဲစင်တာတွင် အထူးဖန်တီးထားသောနေရာ၌ အရေးပေါ်ခုတင် ရာပေါင်းများစွာထားရှိရန်လည်း တာဝန်ရှိသူများက လုပ်ဆောင်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်