
နိုင်ငံရေးခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်ကြီးမားမှုကို လျှော့တွက်ခဲ့ကြကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အွာဆူလာဗွန်ဒါလီယန်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ပါရဂူများမဟုတ်သည့် မိမိတို့အားလုံးသည် ကနဦးတွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို လျှော့တွက်ခဲ့ကြသည်ဟု ထင်မြင်ကြောင်း၊ သို့သော် ယခုအခါတွင် ဗိုင်းရပ်စ်သည် မိမိတို့ကို ဆက်လက်၍ အချိန်ကြာမြင့်စွာ အလုပ်ပေးနေဦးမည်မှာ သေချာနေကြောင်း၊ လွန်ခဲ့သည့်သီတင်းပတ် နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း ပိုမိုထိရောက်စွာ လုပ်ဆောင်လာသည်ဟု ယူဆရသော ဗိုင်းရပ်စ်ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ချက်များကို လက်ရှိတွင် ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ရန်လိုအပ်သည်ဟု မိမိတို့ သဘောပေါက်ထားကြောင်း မတ် ၁၈ က ထုတ်ဝေခဲ့သည့် ဂျာမနီသတင်းစာ Bild တွင် ပါရှိသော အမေးအဖြေကဏ္ဍတွင် အွာဆူလာက ပြောကြားထားသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို စစ်ပွဲနှင့်ခိုင်းနှိုင်းခဲ့ပြီး နိုင်ငံသားအားလုံးနီးပါးကို နေအိမ်တွင်း၌သာ နေထိုင်ရန် အမိန့်ပေးခဲ့သော ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ ပြောကြားချက်ကို အွာဆူလာက ကန့်ကွက်ခဲ့သည်။
“ ကျွန်မသဘောအရဆိုရင် အဲ့လိုစကားရပ်မျိုးကို ကျွန်မပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်က စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့ရန်သူအဖြစ် ပြင်သစ်သမ္မတရဲ့ စိတ်ဓာတ်လှုံ့ဆော်မှုကို ကျွန်မနားလည်ပါတယ် “ဟု ၎င်းက ပြောကြားခဲ့သည်။
သမ္မတထရန့် အုပ်ချုပ်မှုအောက်တွင်ရှိသော အမေရိကန်ပြည်ထောင်စုသည် ဗိုင်းရပ်စ်အန္တရာယ်ကို ပို၍ပင်ပေါ့ပေါ့တန်တန် သဘောထားနေကြောင်း ဂျာမနီစီးပွားရေးဝန်ကြီး ပီတာအယ်မိုင်ရာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်