Top News

ဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း ရုပ်ရှင်ရုံများ ပိတ်ခဲ့ပြီး ဒစ္စနေက Black Widow ဖြန့်ချိမည့်အစီအစဉ် ရွှေ့ဆိုင်း
24htopnews | December 29, 2024 3:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံများအား ပိတ်ထားခဲ့ရပြီး မကြုံစဖူး ဖြစ်ရပ်အဖြစ် နိုင်ငံထဲရှိ ရုပ်ရှင်ရုံ ၄၀၀၀၀ ကျော် အနက် အားလုံးနီးပါးကို ပိတ်ခဲ့ရသည်။

ဟောလိဝုဒ်က မတ်နှင့် ဧပြီတွင် ဖြန့်ချိ မည့်ဇာတ်ကားအများစုအား ရွှေ့ဆိုင်းထားရပြီးဖြစ်ပြီး မာဗယ်၏ Black Widow ဇာတ်ကားအပါအဝင် ဝေါဒစ္စနေက လာမည့်မေ တွင် ဖြန့်ချိမှုအားလုံးကို ရွှေ့ဆိုင်းကြောင်း မတ် ၁၇ တွင် ကြေညာခဲ့သည်။ ဟောလိဝုဒ် က လာမည့်ဖြန့်ချိမှုအစီအစဉ်များအား ရွှေ့ ဆိုင်းထားရပြီး ရုံဝင်သည့်ပရိသတ်အရေအတွက်ကို တဖြည်းဖြည်းလျှော့ချရန်အ တွက် ရုပ်ရှင်ကြည့်ပရိသတ် တစ်ဦးနှင့်တစ် ဦးအကြား သင့်တော်သောအကွာအဝေး ချ ထားရန် စည်းမျဉ်းများ ချမှတ်ထားလျှင်ပင် ရုပ်ရှင်ရုံအများဆုံးပိုင်ဆိုင်သော ကုမ္ပဏီက ရုံများ ဆက်ဖွင့်ထားရန် ကြိုးစားခဲ့သည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လူ ၁၀ ဦးထက် ပို၍ စုဝေးမှုများ အား ရှောင်ရှားရန် မတ် ၁၆ တွင် တိုက်တွန်း ခဲ့ပြီးနောက် အမေရိကန်၏အကြီးဆုံး ရုပ်ရှင် ကုမ္ပဏီ AMC Theaters က ၎င်းတို့၏ရုပ် ရှင်ရုံအားလုံးကို ပိတ်သွားမည်ဟု ကြေညာခဲ့ရသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သောစည်းမျဉ်းများကြောင့် ရုပ်ရှင်ရုံများ ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်တော့ကြောင်း AMC က ထုတ်ပြန်ခဲ့သည်။ AMC က နေရာစုံရှိ ၎င်းင်း တို့၏ရုပ်ရှင်ရုံများအား အနည်းဆုံး ခြောက် ပတ်မှ ၁၂ ပတ်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒုတိယမြောက် အကြီးဆုံးရုပ်ရှင်ကုမ္ပဏီ Regal  ကလည်း အသိပေးချက်များ ထပ်မံ ထုတ်ပြန်မည့်အချိန်အထိ ၎င်းတို့၏ရုပ်ရှင် ရုံများအား ပိတ်သွားမည်ဖြစ်ကြောင်း မတ် ၁၆ တွင် ထုတ်ပြန်ခဲ့သည်။

ဝေါဒစ္စနေကမေ တွင် Black Widow ဇာတ်ကား ဖြန့်ချိမည့်အစီအစဉ်အား အကန့် အသတ်မရှိ ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ မာဗယ်၏ဇာတ် ကားများအား ပုံမှန်အားဖြင့် နွေရာသီ ဇာတ်ကားရာသီတွင် ဖြန့်ချိလာမှုသည် နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။

ဝေါဒစ္စနေသည် မေ တွင် David Copperfield ဇာတ်ကားနှင့် မေ ၁၅ တွင် The Woman in the Window ဇာတ်ကား တို့အား ဖြန့်ချိမှုကိုလည်း ရွှေ့ဆိုင်းခဲ့သည်။

Paramount Pictures  က A Quiet Place Part II  အား မတ် ၂၀ တွင် ဖြန့်ချိရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့သည်။ ဒစ္စနေ၏ Mulan ဇာတ်ကား၊ ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Time to Die တို့ကိုလည်း ဖြန့်ချိမှု ရွှေ့ဆိုင်းခဲ့ကြသည်။ Universal  ကလည်း Fast & Furious ဇာတ်ကားသစ် F9 အား မေနှောင်းပိုင်းတွင် ဖြန့်ချိရန် စီစဉ်ထားမှုကို လာမည့်နှစ် ဧပြီသို့ ရွှေ့ဆိုင်းခဲ့သည်။

ကြိုတင်သိမြင်နိုင်သောအနာဂတ်အတွက် ရုပ်ရှင်ရုံများအား ပိတ်ထားရစဉ် စတူ ဒီယိုအချို့က ဇာတ်ကားသစ် သို့မဟုတ် မကြာ သေးမီက ဖြန့်ချိထားသော ဇာတ်ကားများအား ပရိသတ်များ ကြည့်ရှုနိုင်ရေးအတွက် ထူးခြားသောခြေလှမ်းကို လှမ်းခဲ့ကြသည်။

Universal Pictures က လက်ရှိနှင့် ဇာတ်ကားသစ်များအား လိုအပ်သည့် အချိန် တွင် ချက်ချင်း ငှားရမ်းနိုင်မည်ဖြစ်ကြောင်း မတ် ၁၆ တွင် ကြေညာခဲ့ရာ ကမ္ဘာ့ကပ်ရောဂါ ကြောင့် အဓိကစတူဒီယိုတစ်ခုက အစဉ် အလာ ရုပ်ရှင်ပြသမှုပုံစံကို ပထမဆုံး ချိုး ဖျက်မှု ဖြစ်လာခဲ့သည်။

ဥရောပရှိ ရုပ်ရှင်ရုံအများစုအပြင် တရုတ်၊ အိန္ဒိယနှင့် နေရာတစ်ချို့တွင်လည်း ရုပ်ရှင် ရုံများအား ပိတ်ထားပြီးဖြစ်ပြီး မြောက်အမေ ရိကတွင် တဖြည်းဖြည်း ပိတ်နေကြပြီဖြစ် သည်။ နယူးယောက်နှင့် လော့စ်အိန်ဂျလိစ် တို့၏ မြို့တော်ဝန်များက မြို့ထဲရှိ ရုပ်ရှင်ရုံ များအား ပိတ်ထားရန် မတ် ၁၅ ကတည်းက ညွှန်ကြားထားပြီးဖြစ်သည်။ မက်ဆာချူး ဆက်နှင့် ကွီဘက်အစိုးရများကလည်း ရုပ်ရှင် ရုံများ ပိတ်ရန် ညွှန်ကြားခဲ့သည်။

အမေရိကန်၏ တတိယအကြီးဆုံးရုပ်ရှင် လုပ်ငန်းဖြစ်သော Ciremark ကလည်း ၎င်းင်း တို့၏ရုပ်ရှင်ရုံများအား မတ် ၁၈ တွင် ပိတ်မည်ဟု ကြေညာထားသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်တွင်လည်း အမေရိကန်နှင့် ကနေဒါတို့၏ ရုပ်ရှင်လက်မှတ်ဝင်ငွေများ ရရှိမှုသည် ဆယ်စုနှစ်နှစ်ခု နီးပါးအတွင်း အနိမ့်ဆုံးသို့ ထိုးကျခဲ့သည်။

Motion Picture Association က ပြီးခဲ့သောနှစ်တွင် ကမ္ဘာတစ်ဝန်း ရုပ်ရှင်လက်မှတ် ဝင်ငွေရရှိမှုသည် ဒေါ်လာ ၄၂. ဘီလျံ အထိ ရှိခဲ့ကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK