Top News

ဗိုင်းရပ်စ်နှိမ်နင်းရန် ဗင်နီဇွဲလား၏ ချေးငွေတောင်းခံမှုကို IMF ပယ်ချ
24htopnews | December 29, 2024 3:12 PM CST

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေးအတွက် ချေးငွေဒေါ်လာ ၅ ဘီလျံကူညီရန် ဗင်နီဇွဲလား၏ အကူအညီတောင်းခံမှုကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မတ် ၁၇ ရက်တွင် ပယ်ချခဲ့သည်။

မတ် ၁၇ ရက်အစောပိုင်းတွင် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရိုက IMF ထံ ချေးငွေတောင်းခံခဲ့ပြီးနောက် နာရီပိုင်းမျှ အကြာတွင် ၀ါရှင်တန်အခြေစိုက် IMF အဖွဲ့ က အစီရင်ခံစာထုတ်ပြန်၍ ငြင်းပယ်ခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို၏အစိုးရ အဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိခြင်း ကြောင့် အဖွဲ့အနေဖြင့် ဗင်နီဇွဲလားအစိုးရ၏တောင်းဆိုမှုကို စဉ်းစားပေးနိုင်သည့် အနေအထားတွင် မရှိကြောင်း၊ IMF နှင့် အဖွဲ့ဝင် နိုင်ငံများအကြား ဆက်နွှယ်မှုသည် နိုင်ငံတကာ အသိအမှတ်ပြု တရားဝင်အစိုးရအဖွဲ့ ပေါ်တွင် မူတည်ကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဗင်နီဇွဲလားက ၂၀၀၁ ခုနှစ်နောက်ပိုင်း IMF ထံမှ ချေးငွေ ပထမဆုံးအကြိမ် တောင်းခံခဲ့ခြင်းဖြစ်သည်။

အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်သည် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုကို အသိအမှတ်ပြုထားကြပြီး မာဒူရိုအစိုးရအဖွဲ့ကို အသိအမှတ်မပြုတော့သည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သည်။

ဗင်နီဇွဲလားတွင် လတ်တလော၌ ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုမှု ၃၃ မှု ရှိထားသည်။     

 

 

 


READ NEXT
Cancel OK