မလေးရှားတွင် COVID-19 ကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ကူးစက်မှု ၆၇၀ ကျော်အထိ မြင့်တက်လာ
24htopnews | December 29, 2024 3:12 PM CST

မလေးရှားတွင် ဆာရာဝပ်ပြည်နယ်မှ အသက် ၆၀ ရှိ သင်းအုပ်ဆရာနှင့် ဆရီပီတာလင်းတွင် အစ္စလာမ်ဘာသာရေးအခမ်းအနား တက်ရောက်ခဲ့သော အသက် ၃၄ နှစ်ရှိ အမျိုးသားတစ်ဦးတို့သည် COVID- 19 ကူးစက်ခံရပြီးနောက် မတ် ၁၇ တွင် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး အက်ဟမ်ဘာဘာက ပြောကြားခဲ့သည်။
မလေးရှားတွင် မတ် ၁၇ ၌ ကူးစက်မှု သစ် ၁၂၀ ဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၆၇၃ မှုအထိ မြင့်တက်လာကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။ ထိုကူးစက်မှုများအနက် အများအပြားသည် ဖေဖော်ဝါရီ ၂၇ မှ မတ် ၁ အကြား ဆရီပီတာလင်းဗလီတွင် ကျင်းပခဲ့သော ဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သူများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။
မလေးရှားသည် နိုင်ငံသားများအား ပြည်ပထွက်ခွာမှုနှင့် နိုင်ငံခြားသားများအားနိုင်ငံထဲသို့ ဝင်ရောက်မှုအား မတ် ၁၈ မှစ၍ နှစ်ပတ်ကြာ ပိတ်ပင်ခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်