Top News

တောင်ကိုရီးယားက ပြည်တွင်း၌ကူးစက်မှု ကျဆင်းလာစဉ် နယ်စပ်စစ်ဆေးမှုများအား တင်းကျပ်မည်
24htopnews | December 29, 2024 3:12 PM CST

COVID-19 ကူးစက်ဖြစ်ပွားမှုသည် ပြည်တွင်း၌ ကျဆင်းလာနေချိန်တွင် တောင်ကိုရီးယားက ကူးစက်မှုသစ်များအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်ပမှ ဝင်ရောက်လာသူအားလုံးကို နယ်စပ်၌ စစ်ဆေးမှုများကို တင်းကျပ်ရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ တွင် ထုတ်ပြန်ခဲ့သည်။

ဥရောပတွင်သာမက အမေရိကန်နှင့် အာရှတို့တွင်ပါ COVID-19 ကူးစက်ပျံ့နှံ့မှု အလွန်အမင်း မြင့်တက်လာချိန်၌ နိုင်ငံထဲသို့ ဝင်ရောက်လာသူအားလုံးအတွက် အထူးဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လိုအပ်မည်ကို ချင့်တွက်ခဲ့ကြောင်း၊ ယခု တင်းကျပ်မှုသည် မတ် ၁၉ တွင် စတင်မည်ဖြစ်ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ကင်ဂန်လစ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် မတ် ၁၇ ၌ ကူးစက်မှုသစ် ၈၄ မှု ရှိခဲ့ပြီး ကူးစက်မှုသစ် ၁၀၀ အောက် သုံးရက်ဆက်တိုက် စာရင်းဝင်ခဲ့သည်။ သေဆုံးသူစုစုပေါင်းမှာ ၈၁ ဦးအထိ ရှိလာခဲ့သည်။                           


READ NEXT
Cancel OK