
အမေရိကန်တွင် ငွေကြေးဖောင်းပွမှုနှင့် အိမ်ခြံမြေစျေးနှုန်းများ မြင့်တက်မှုနှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း အိမ်ရာမဲ့လူဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်က အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက တစ်ညအတွင်းကောက်ခံခဲ့သည့် စစ်တမ်းများအရ အိမ်ရာမဲ့လူဦးရေ ၇၇၁၄၈၀ ဦးရှိခဲ့ပြီး ယင်းသည် ၂၀၂၃ ခုနှစ်ကထက် ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (HUD) ၏ နှစ်စဉ် လေ့လာချက်တွင် ဖော်ပြထားပါတယ်။
ထိုအရေအတွက်အရ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ၌ လူ ၁၀၀၀၀ တွင် ၂၃ ဦးက အိမ်ရာမဲ့ဖြစ်နေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း အလတ်တန်းစား အိမ်ငှားခစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကထက် ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် အိမ်ထောင်စုများအတွက် ဖိအားများ မြင့်တက်လာခဲ့ကြောင်း အမေရိကန်၏ အိုးအိမ်အကျပ်အတည်းကို လေ့လာသုံးသပ်သည့် NGO အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။
အိမ်စျေးနှုန်းများ မြင့်မားမှုအပြင် လုပ်ခလစာ အလတ်တန်းစားနှင့် လုပ်ခလစာနည်းပါးသည့် အိမ်ထောင်စုများအကြား ဝင်ငွေများသည် တိုးတက်မလာခြင်း၊ လူမျိုးရေးခွဲခြားမှု၏ သက်ရောက်မှုများ အစရှိသည့်အချက်များက အိမ်ရာမဲ့လူဦးရေမြင့်တက်စေခဲ့သည့် အကြောင်းရင်းများဖြစ်ကြောင်း HUD က ဖော်ပြခဲ့သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက်လာခြင်း၊ COVID-19 ကပ်ရောဂါကာလက ကျင့်သုံးခဲ့သည့် အိမ်ရာမဲ့တားဆီးရေးအစီအစဉ်များကို အဆုံးသတ်ခြင်းတို့ အပါအဝင် အခြားပြဿနာများကလည်း လူများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။
"ဒီအချက်အလက်တွေက တစ်နှစ်လောက်ကြာပြီဖြစ်ပြီး လက်ရှိမြင်တွေ့နေရတဲ့ အခြေအနေတွေကို ကိုယ်စားမပြုနိုင်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ အိမ်ရာမဲ့ပြဿနာကို တားဆီးဖို့နဲ့ အဆုံးသတ်ဖို့ အထောက်အထားကိုအခြေခံတဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်" ဟု HUD အေဂျင်စီအကြီးအကဲ အဒရီရာနီ တော့မန်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင် တစ်ညအတွင်းကောက်ယူရရှိသည့် စာရင်းများအရ ကလေး ၁၅၀၀၀၀ နီးပါးသည် အိမ်ရာမဲ့ဖြစ်ခဲ့ပြီး ယင်းသည် ၂၀၁၃ ခုနှစ်ကထက် ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၁၈ နှစ်အောက်ကလေးများ အိမ်ရာမဲ့ဖြစ်မှုသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အကြား သိသိသာသာမြင့်တက်ခဲ့သည်။
လူမည်းများ၊ အာဖရိကနွယ်ဖွားများ၊ အာဖရိကများသည် အိမ်ရာမဲ့လူဦးရေအတွင်း အများဆုံးဖြစ်သည်။
လူမည်းများသည် အမေရိကန်လူဦးရေ၏ ၁၂ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းတို့အနက် ၃၂ ရာခိုင်နှုန်းသည် အိမ်ရာမဲ့များဖြစ်သည်။
ကလေးရှိသည့် မိသားစုများအကြား တစ်နှစ်အတွင်း အိမ်ရာမဲ့မှုသည် အများဆုံးဖြစ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများဝင်ရောက်လာခြင်းက မိသားစုများအကြား အိမ်ရာမဲ့မှုအခြေအနေအပေါ် သက်ရောက်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အိမ်ရာမဲ့လူဦးရေအတွင်း စစ်မှုထမ်းဟောင်းများပါဝင်သော်လည်း အနည်းဆုံးအရေအတွက်အထိ ကျဆင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်