
လူ ၁၈၁ ဦး တင်ဆောင်လာသော လေယာဉ်သည် ဒီဇင်ဘာ ၂၉ ရက်တွင် တောင်ကိုရီးယားရှိ မူအန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျက်ကျသွားခဲ့ရာ အနည်းဆုံး ၄၇ ဦး သေဆုံးသွားခဲ့သည်ဟု အာဏာပိုင်များက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
"လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦးပါတဲ့ လေယာဉ်ဟာ မူအန်လဆိပ်မှာ ပျက်ကျသွားခဲ့ပါတယ်"ဟု Yunhap သတင်းဌာနက ဖော်ပြခဲ့ပြီး ၄၇ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရသည်ဟု အတည်ပြုဖော်ပြခဲ့သည်။
လေယာဉ်သည် တောင်ကိုရီးယား အနောက်တောင်ပိုင်းရှိ မူအန်လေဆိပ်၌ ဆင်းသက်ရန် ကြိုးစားသည့်အခါ လေယာဉ်သည် ငှက်များနှင့်တိုက်မိခြင်းကြောင့် အဆင်းဂီယာ ချို့ယွင်းရာမှ ပျက်ကျသည်ဟု ယုံကြည်ရ ကြောင်း Younhap က ဆက်လက်ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေး အာဏာပိုင်များက လေယာဉ်၏ နောက်ဘက်ပိုင်းမှ ခရီးသည်များကို ရွှေ့ပြောင်းပေးနေသည်ဟု မီးသတ်ဌာနကို ကိုးကားပြီး Younhap က ဖော်ပြခဲ့သည်။
လေယာဉ်ပြေးလမ်း၏ဘေးတွင် ရောက်နေပုံရသည့် လေယာဉ်၏နောက်မြှီးပိုင်း မီးလောင်နေသည်ကို ပုံများတွင် တွေ့ရပြီး အနီးနားတွင် မီးသတ်သမားများ၊ အရေးပေါ်ယာဉ်များကိုလည်း မြင်ရသည်။
ပျက်ကျသော လေယာဉ်သည် ဘန်ကောက်မှ မူအန်းသို့ ပျံသန်းလာသော ဘိုးရင်း 737-8AS လေယာဉ် ဖြစ်ကြောင်း သိရသည်။
Ref::AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်