Top News

မက်ဆီ၏ ကျောနံပါတ် (၁၀)ကို ဆက်ခံခဲ့ခြင်းအတွက် ဖိအား မရှိဟု အန်ဆူဖာတီ ပြောကြား 
24htopnews | December 31, 2024 9:12 AM CST

ဘာစီလိုနာလူငယ်ကြယ်ပွင့် အန်ဆူဖာတီက မက်ဆီ၏ ကျောနံပါတ်(၁)ဂျာစီကို ဆက်ခံခဲ့ခြင်းအတွက် ဖိအား မရှိကြောင်း ပြောကြားခဲ့သည်။ 

အသက် (၁၈)နှစ်အရွယ်ရှိ စပိန်လူငယ်တိုက်စစ်မှူး အန်ဆူဖာတီသည် ဘာစီလိုနာအသင်းတွင် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ကျောနံပါတ် (၁၀)ဂျာစီကို ဝတ်ဆင်ကစားလျက်ရှိသည်။ 

ဘာစီလိုနာအသင်းတွင် မက်ဆီ၏စွမ်းဆောင်မှုများကြောင့် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁၀)ဂျာစီမှာ ဖိအားများမည်ဟု ဘောလုံးကျွမ်းကျင်သူများက သုံးသပ်နေကြသော်လည်း အန်ဆူဖာတီကမူ မိမိအနေဖြင့် ဖိအားမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အန်ဆူဖာတီက "ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၀)ကို မက်ဆီနဲ့ တခြားကစားသမားတွေ အများကြီး ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနံပါတ်ကို ဝတ်ဆင်ရတဲ့အတွက် ကျွန်တော်ကတော့ အေးဆေးပါပဲ။ ဘာစီလိုနာအသင်းအတွက် ကျွန်တော့်အနေနဲ့ ဘာတွေ လုပ်ပေးနိုင်သလဲဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်"ဟု ပြောကြားခဲ့သည်။ 

အန်ဆူဖာတီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲတွင် (၂)ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK