Top News

မက်ဆီသည် ခြေစွမ်းကြောင့်မဟုတ်ဘဲ ၎င်း၏အမည်ကြောင့် Ballon d'Or  ရရှိလိမ့်မည်ဟု Corriere dello Sport ဖော်ပြ
24htopnews | December 31, 2024 9:12 AM CST

အီတလီအားကစားသတင်းစာ  Corriere dello Sport က PSG တိုက်စစ်မှူး မက်ဆီအနေဖြင့် ခြေစွမ်းကြောင့်မဟုတ်ဘဲ သူ၏အမည်ကြောင့် ၂၀၂၁ Ballon d'Or ဆုကို ရယူနိုင်လိမ့်မည်ဟု ရေးသားခဲ့သည်။

 Corriere dello Sport သည် အောက်တိုဘာ (၁၉)ရက်ထုတ် ၎င်းတို့၏သတင်းစာတွင် နိုဝင်ဘာ (၂၉)ရက်တွင် ချီးမြှင့်မည့် Ballon d'Or ဆုအကြောင်း အသားပေးဖော်ပြခဲ့ပြီး ယင်းဆုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအနေဖြင့် (၇) ကြိမ်မြောက်ရရှိလိမ့်မည်ဟု ရေးသားခဲ့သည်။

သို့သော် မက်ဆီအနေဖြင့် Ballon d'Or ဆုကို အကောင်းဆုံးခြေစွမ်းပြနိုင်ခြင်းကြောင့် ရရှိခြင်းမျိုးမဟုတ်ဘဲ လီယွန်နယ်မက်ဆီဆိုသည့် ၎င်း၏အမည်ကြောင့်သာ ရရှိခြင်းဖြစ်လိမ့်မည်ဟုလည်း  Corriere dello Sport က ဖော်ပြခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ မက်ဆီသည် အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၁ ကိုပါအမေရိကချန်ပီယံဆုကို ရယူနိုင်ခဲ့သလို၊ သွင်းဂိုး (၄)ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် မက်ဆီသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ စပိန်ဘုရင့်ဖလားကို ရယူနိုင်ခဲ့သလို၊ လာလီဂါပြိုင်ပွဲတွင် သွင်းဂိုး (၃၀)ဖြင့် ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည်။

သို့သော် Corriere dello Sport က Ballon d'Or ကို ဆုံးဖြတ်ရာတွင် ဆုဖလားအောင်မြင်မှုကိုသာ အခြေခံတွက်ချက်သင့်ပြီး အီတလီအသင်းနှင့်အတူ ယူရို-၂၀၂၀ ချန်ပီယံဆု၊ ချယ်လ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလားများ ရယူနိုင်ခဲ့သည့် အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုက Ballon d'Or ဆုနှင့် ပိုထိုက်တန်ကြောင်း ဆိုခဲ့သည်။

၂၀၂၁ Ballon d'Or ဆုကို နိုဝင်ဘာ (၂၉)ရက်တွင် ပါရီမြို့တွင် ချီးမြှင့်သွားမည်ဖြစ်သည်။ 


READ NEXT
Cancel OK