
ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် လူကာကူနှင့် တီမိုဗာနာတို့သည် မာလ်မိုအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အသင်းနည်းပြ တူဟယ်လ်က ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် အရိပ်အမြွက်ဆိုခဲ့ကြောင်းသိရသည်။
လူကာကူနှင့် ဗာနာတို့သည် ယင်းပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန်၌ ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးချေ။
ယင်းအတွက်ကြောင့် ယင်းကစားသမားများ၏ ဒဏ်ရာအခြေအနေအပေါ် မူတည်ကာ ဟော်လန်းနှင့်ပတ်သက်ပြီး မီဒီယာများက မေးမြန်းခဲ့ရာ တူဟယ်လ်က ''ကျွန်တော်တို့က ဟော်လန်းအကြောင်းကို မကြာခဏပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လို့ပါ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်တွေထဲကတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ဂိုးတွေနဲ့ ဒေါ့မွန်ကို ကူညီပေးနေပါတယ်''ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးတိုက်စစ်တွင် လူကာကူနှင့် ဟော်လန်းတို့ တွဲကစားရန် အဆင်ပြေနိုင်မလားဆိုသည့် မေးခွန်းကို တူဟယ်လ်က သေချာပေါက်အဆင်ပြေနိုင်သည်ဟု ပြောကြားခဲ့ပြီး ဟော်လန်းကို ခေါ်ယူခြင်းပြု၊ မပြုနှင့် ပတ်သက်ပြီးလည်း ''လာမယ့်ရက်သတ္တပတ်တွေမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်