Top News

ယာဂန်ကလော့ပ်၊ ဂွါဒီယိုုလာတို့သာ ကိုင်တွယ်နေပါက မန်ယူတိုက်စစ်မှာ အလွန်ကြောက်စရာကောင်းလိမ့်မည်ဟု ခရော့ချ်ဆို
24htopnews | December 31, 2024 9:12 AM CST

လီဗာပူးလ်အသင်း၏ နာမည်ကျော်တိုက်စစ်မှူးဟောင်းနှင့် ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ပီတာခရော့ချ်က မန်ယူအသင်း၏ တိုက်စစ်အင်အားစုသည် ယာဂန်ကလော့ပ်၊ ဂွါဒီယိုလာတို့လို နည်းပြများနှင့်ဆိုပါက  အလွန်ကြောက်စရာကောင်းနေလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အတ္တလန်တာအသင်းနှင့် ကစားခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း နိုင်ပွဲရရှိရန် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး အတ္တလန်တာအသင်း၏ ဦးဆောင်မှုကို နောက်မှလိုက်ကစားခဲ့ရခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် ရပ်ရှ်ဖို့ဒ်နှင့် မက်ဂွိုင်းရားတို့က မန်ယူအသင်းအတွက် ချေပဂိုးများကို သွင်းယူခဲ့ပြီး မိနစ် (၈၀)တွင်မူ စီရော်နယ်လ်ဒိုက လှပသည့် ခေါင်းတိုက်ချက်ဖြင့် အနိုင်ဂိုးကို သွင်းယူခဲ့ခြင်းလည်းဖြစ်သည်။

ပီတာခရော့ချ်ကမူ ''ကလော့ပ်နဲ့ ဂွါဒီယိုလာတို့လို နည်းပြတွေသာ မန်ယူအသင်းကို ကိုင်တွယ်ရင် မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမားတွေဟာ ဒီ့ထက်ပိုပြီးကြိုးစားရမှာ သေချာတယ်။ သူတို့နှစ်ဦးရဲ့လက်အောက်မှာ ကစားနေတဲ့ ကစားသမားတွေရဲ့ Body Language ကို ကျွန်တော် မကြာခဏမြင်ဖူးပြီး ဆိုးလ်ရှားလက်အောက်က မန်ယူကစားသမားတွေရဲ့ပုံစံနဲ့ မတူပါဘူး။ ဒေးဗစ်ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့လိုကစားသမားတွေက မန်စီးတီးအသင်းရဲ့ အကြိုးစားဆုံးကစားသမားတွေဖြစ်ပြီး အသင်း ခံစစ်ကစားဖို့လိုနေတဲ့အချိန်တွေမှာ သူတို့ကိုယ်တိုင် အသည်းအသန် ကြိုးစားကြပါတယ်။ ဒါမျိုးကို မန်ယူအသင်းမှာ ကျွန်တော် မတွေ့ရပါဘူး''ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားနှင့်ပတ်သက်ပြီးလည်း ''အိုလေးက ကာဒစ်ဖ်နဲ့ မိုလ်ဒီတို့လိုအသင်းတွေကနေ မန်ယူကို ရောက်လာသူဖြစ်ပြီး ကလော့ပ်၊ ဂွါဒီယိုလာ၊ တူဟယ်လ်တို့လိုအတွေ့အကြုံမျိုးမရှိတာ ဆိုးပါတယ်''ဟုလည်း ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK