
ချန်ပီယံရှစ်ပြိုင်ပွဲ ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည့် ပလိုင်းမောက်အသင်းနည်းပြ ၀ိန်းရွန်နီက ရှုံးပွဲထပ်မံကြုံတွေ့ပြီးနောက် ၎င်းအားထုတ်ပယ်ရန် ပရိသတ်များ၏ တောင်းဆိုမှုကို နားလည်ကြောင်း တုံ့ပြန်ပြောကြားသည်။
ပလိုင်းမောက်အသင်းသည် ချန်ပီယံရှစ် ပွဲစဉ်(၂၄)အဖြစ် ဒီဇင်ဘာ ၂၉ ရက်က အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရာ အောက်စဖို့ဒ်အသင်းအား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပလိုင်းမောက်အသင်းသည် နိုဝင်ဘာဒုတိယပတ်မှစ၍ ကိုးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး ခြောက်ပွဲမြောက် ရှုံးပွဲကြုံတွေ့ထားသည်။
ထို့ပြင် ၂၃ ပွဲကစား၊ လေးပွဲသာအနိုင်ရကာ ရမှတ် ၁၈ မှတ်ဖြင့် ဇယားအောက်ဆုံး ရောက်ရှိနေသလို ယခုရာသီ ပြိုင်ပွဲစုံ အဝေးကွင်း ၁၄ ပွဲစလုံး နိုင်ပွဲလုံးဝမရှိဘဲ နှစ်ပွဲသရေ၊ ၁၂ ပွဲအထိ ရှုံးနိမ့်ထားသည်။
သို့ဖြစ်ရာ ပရိသတ်များက အောက်စဖို့ဒ် နှင့်ပွဲအပြီးတွင် ၎င်းအား ရာထူးမှထုတ်ပယ်ရန် အော်ဟစ်တောင်းဆိုခဲ့ခြင်းအပေါ် ရွန်နီက ''အဲဒီမေးခွန်းက ဘုတ်အဖွဲ့ကို မေးရမှာပါ။ ဘောလုံးက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သမျှ ကြိုးစားပြီး အလုပ်ကို ဆက်လုပ်နေပါတယ်။ ကျွန်တော်တို့ရလဒ်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိတာက ပုံမှန်ပဲလို့ထင်တယ်။ ပရိသတ်တွေရဲ့တုံ့ပြန်မှုကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက ဒီလိုနေရာကို လာခဲ့ဖူးပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ ဒီနေရာကိုလာတဲ့အခါမှာ ကိုယ့်အသင်းအနိုင်ရတာကို မြင်ချင်ကြပါတယ်'' ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်