Top News

ဘန်ကောက်ရှိ The Ember Hotel တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံး
24htopnews | December 31, 2024 5:12 PM CST

ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက ဘန်ကောက်မြို့၏ နာမည်ကျော် ခေါင်ဆန်လမ်းအနီး တည်ရှိသည့် ဟိုတယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးနှင့် မီးသတ်အဖွဲ့ဝင်များ လာရောက်ကယ်ထုတ်ခဲ့ရသည်။

ထိုင်းမီဒီယာ ကြေညာချက်အရ ည ၉ နာရီ မိနစ် ၄၀ အချိန်ဝန်းကျင်တွင် ဖရာနခွန်ရပ်ကွက်အတွင်းရှိ ငါးထပ်အဆောက်အအုံ ဟိုတယ်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့ရောက်နေပုံကိုမြင်ရသည့် သတင်းဓာတ်ပုံများအရ  The Ember Hotel တွင်ဖြစ်သည်။

မီးခိုးများပျံ့နေသည်ကို မြင်ရသော်လည်း၊ မီးက ငြိမ်းသွားပြီဟု သတင်းထဲတွင်ဆိုသည်။

ဟိုတယ်တွင် တည်းခိုနေသူအများစုက နိုင်ငံခြားသားများဖြစ်သည်။

လက်ရှိတွင် လူတစ်ဦးသေဆုံးထားကြောင်း အတည်ပြုထုတ်ပြန်ထားပြီး နှစ်ဦးကို သတိလစ်လျက် တွေ့ခဲ့ရသည်ဟု The Nation Thailand က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK