
လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာက Ballon d'Or ဆုထက် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသာ ပိုမိုရယူလိုသည်ဟု ပြောကြားခဲ့သည်။
ဆာလာသည် ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသော လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသူ ဖြစ်ပြီး (၁၇)ဂိုးသွင်းယူထားသလို၊ ဂိုးဖန်တီးမှု(၁၃)ကြိမ် ပြုလုပ်ထားသည်။
ထို့ကြောင့် လက်ရှိပုံစံအတိုင်း ရှေ့ဆက်နိုင်ခဲ့ပါက ဘောလုံးလောက၏ နာမည်ကျော် ထူးချွန်ဆုတစ်ခုဖြစ်သည့် Ballon d'Or ဆုကို ရယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။
အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ PFA ၏ အကောင်းဆုံးကစားသမားဆု၊ FWA ၏ အကောင်းဆုံးကစားသမားဆုတို့ ရယူနိုင်ခဲ့သော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ အကောင်းဆုံးကစားသမားဆုနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်သည့် Ballon d'Or ဆုကိုမူ ရယူဖူးခြင်းမရှိသေးပေ။
ယခုရာသီတွင်မူ လက်ရှိခြေစွမ်းအရ Ballon d'Or ဆုကို မျှော်မှန်းနိုင်စွမ်းရှိနေပြီဖြစ်ပြီး လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါက ၎င်းအနေဖြင့် သေချာပေါက်ရရှိလိမ့်မည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
သို့ သော် ဆာလာက Sky Sports နှင့် တွေ့ဆုံရာတွင် ''ကျွန်တော် Ballon d'Or အကြောင်း တွေးမနေပါဘူး။ ကျွန်တော် ပရီးမီးယားလိဂ်ချန်ပီယံဆုပဲ ရချင်ပါတယ်။ အသင်းအတွက် ဆုဖလားတစ်ခုရဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့အသင်းတွေလည်း အများကြီးရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်