Top News

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်
24htopnews | December 31, 2024 7:12 PM CST

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ၎င်းထူထောင်ခဲ့ည့် ကာတာစင်တာဖောင်ဒေးရှင်းက အတည်ပြုခဲ့သည်။

ကာတာသည် အောက်တိုဘာလက အသက် ၁၀၀ ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးနေထိုင်ခဲ့သည့် သမ္မတတစ်ဦးဖြစ်လာခဲ့သည်။

ကာတာသည် ဂျော်ဂျီယာပြည်နယ် ပလိန်းစ်မြို့ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ထောက်ခံအားပေးသည့် ကာတာစင်တာက ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ဦးဖြစ်သည့် ကာတာသည် စီးပွားရေးနှင့် သံတမန်အကျပ်အတည်များ ဝိုင်းရံဖိစီးနေသည့်ကာလဖြစ်သည့် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကာတာသည် သမ္မတအိမ်ဖြူတော်မှ ထွက်ခွာခဲ့ချိန်တွင် လူထုထောက်ခံမှုနှုန်းကျဆင်းခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများဖြင့် ၎င်း၏ ဂုဏ်သတင်း ပြန်လည်မြင့်တက်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် သမ္မတဟောင်း ဂျော့အိတ်ချ်ဒဗလျူဘုရှ် ကွယ်လွန်ခဲ့ပြီးကတည်းက ကာတာသည် အသက်အရှည်ဆုံးနေထိုင်ခဲ့သည့် အမေရိကန်သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ကာတာသေဆုံးမှုကို ဝမ်းနည်းကြောင်းဖော်ပြသည့်အနေဖြင့် အိမ်ဖြူတော်တွင် အမေရိကန်အလံကို တစ်ဝက်ချပြီး လွှင့်ထူခဲ့သည်။

ကာတာ၏ ဇနီးဖြစ်သူ ရိုစလင်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကွယ်လွန်ခဲ့သည်။


READ NEXT
Cancel OK