Top News

J&J ၏ COVID-19 ထပ်တိုးကာကွယ်ဆေး ဒုတိယတစ်လုံးသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်  ပြင်းထန်ကူးစက်ခံရမှုမှ ထိရောက်မှု မြင့်မားစွာ ကာကွယ်နိုင်ဟု လေ့လာတွေ့ရှိ
24htopnews | January 1, 2025 10:12 AM CST

Johson & Johson ဆေးကုမ္ပဏီထုတ် COVID-19 ထပ်တိုးကာကွယ်ဆေးသည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရလျှင် ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့် အခြေအနေမှ ၈၅ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု တောင်အာဖရိက အစိုးရသုတေသနလေ့လာမှု၏ အကြိုလေလ့ာတွေ့ရှိချက်ကို ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းတွေ့ရှိချက်သည် ထိုကာကွယ်ဆေး၏ ဂုဏ်သတင်းကို ပြန်လည် ဆန်းသစ်လာစေရန် အထောက်အကူ ဖြစ်စေခဲ့သည်။

တောင်အာဖရိက ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီက J&J ၏ ကာကွယ်ဆေး နှစ်လုံး အပြည့်ထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ၆၉,၀၀၀ နှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အဖွဲ့ကို နှိုင်းယှဉ်လေ့လာခဲ့သည်။

ယခုအချိန်အထိ အကြိုစိစစ်မှု မပြုလုပ်ရသေးသည့် ထိုသုတေသနသည် နိုင်ငံတွင်းကူးစက်မှု ဖြစ်စဉ်များ၏ ၈၂ ရာခိုင်နှုန်းမှ ၈၉ ရာ ခိုင်နှုန်းအထိမြင့်တက်စေခဲ့သည့် သန္ဓေပြောင်းလဲမှု မြန်ဆန်သော အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်    ကူးစက်ပျံ့နှံ့နေသည့် နိုဝင်ဘာ ၁၅ ရက်မှဒီဇင်ဘာ ၂၀ ရက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံခဲ့ပြီး နောက်ခြောက်လမှ ကိုးလအတွင်း ထပ်တိုးကာကွယ်ဆေး ဒုတိယတစ်လုံးကို ထိုးနှံခဲ့ချိန်တွင် ဆေးရုံတက်ရောက်ရသည့် အခြေအနေမှ ကာကွယ်ဆေး၏ ထိရောက်မှုသည် ကာကွယ်ဆေး စတင်ထိုးနှံသည့်ရက်မှ ၁၃ ရက်အတွင်း ၆၃ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး တစ်လမှ နှစ်လအတွင်း ၈၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

“ဒီအချက်အလက်တွေဟာ အာဖရိက မှာ  Ad26.COV.2 ကာကွယ်ဆေးအပေါ် ပိုမိုမှီခိုအားထားဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်”ဟု J&J ကာကွယ်ဆေး၏ အမည်အရင်းကို အသုံးပြု၍ သုတေသီ များကပြောကြားခဲ့သည်။

ယင်းရလဒ်အပေါ် ကြိုဆိုကြောင်း J&J ကုမ္ပဏီကလည်း ထုတ်ပြန်ခဲ့သည်။ယင်း ကာကွယ်ဆေးသည် အိုမီခရွန်နှင့်ဒယ်တာကဲ့သို့ ကူးစက်ပျံ့နှံ့နေသည့် မျိုးကွဲများကို ကာကွယ်မှုတွင် အားကောင်းပြီး တည်ငြိမ်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု J&J သိပ္ပံပညာရှင် မာသိုင်း မမ်မန်းက ပြောကြားခဲ့သည်။

ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖရိက ကျန်းမာရေးဝန်ထမ်း ငါးသိန်းဝန်းကျင်သည် J&J ၏ ကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးဖြစ်သည်။အာဖရိက၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းအဆိုးဆုံး ဖြစ်သည့် တောင်အာဖရိကနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃.၄ သန်း ကျော်ရှိပြီးဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၉၀,၀၀၀ ရှိသည်။

ဒီဇင်ဘာလအစောပိုင်းတွင်တောင်အာ ဖရိကလေ့လာမှုအရ Pfizer/BioNTech ၏ ကာကွယ်ဆေးနှစ်လုံးသည် ဆေးရုံတက်ရောက်ရသည့် အခြေအနေမှ ၇၀ ရာခိုင်နှုန်းအထိကာ ကွယ်နိုင်ကြောင်းတွေ့ရှိခဲ့သော်လည်း ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး၏ရလဒ်ကိုမူ မသိရသေးပေ။                      


READ NEXT
Cancel OK