
တရုတ်နိုင်ငံ၏ စက်မှုနှင့် နည်းပညာဆိုင်ရာ အချက်အချာဒေသဖြစ်သည့် ရှီအန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀ ကျော် ထပ်မံတွေ့ရှိရကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပမာဏသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မည်သည့်မြို့ထက်မဆို ပြည်တွင်းကူးစက်မှု အများဆုံးပမာဏလည်း ဖြစ်သည်။
ဒီဇင်ဘာ ၂၉ ရက်က ရှီအန်းမြို့တွင် ပြည်တွင်းကူးစက်သူ ၁၅၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ သို့ဖြစ်ရာ ဒီဇင်ဘာ ၉ ရက်တွင် ရောဂါကူးစက်ပြန့်ပွားမှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြည်တွင်းကူးစက်သူ အရေအတွက်မှာ ၁,၁၀၀ ကျော်ရှိလာပြီဖြစ်သည်။ လက်ရှိတွင် အာဏာပိုင်များက လူဦးရေ ၁၃ သန်း နေထိုင်သည့် ရှီအန်းမြို့ကို လော့ဒေါင်းချထားသည်။
ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးအများအပြားတွင် ဖြစ်ပွားလျက်ရှိသည့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်စဉ်များနှင့် နှိုင်းယှဉ်လျှင် ကူးစက်မှုနည်းပါးနေဆဲဖြစ်သော်လည်း ရှီအန်းမြို့အာဏာပိုင်များသည် ဒီဇင်ဘာ ၂၃ ရက်မှစပြီး မြို့တွင်းမြို့ပြင် ခရီးသွားလာမှုများအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ဗဟိုအစိုးရကလည်း ရောဂါကူးစက်ပြန့်ပွားမှုဖြစ်စဉ်တိုင်းကို အလျင်အမြန် ကိုင်တွယ်ထိန်းချုပ်ရန် တိုက်တွန်းထားသည်။
“ရှီအန်းမြို့ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အလွန့်အလွန်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပါပြီ” ဟု မြူနီစီပယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး မမ်မိုရီချစ်ပ် ထုတ်လုပ်သည့် ကုမ္ပဏီများထဲတွင်ပါဝင်သော ဆမ်ဆောင်း အီလက်ထရွန်းနစ်နှင့် Micron Technology တို့က ယခုကဲ့သို့ လော့ဒေါင်းချမှုကြောင့် ရှီအန်းမြို့တွင်ရှိသည့် ၎င်းတို့၏ စက်ရုံများအပေါ် သက်ရောက်မှုရှိလာနိုင်သည်ဟု သတိပေးထားသည်။
ရှီအန်းမြို့သည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာ အထင်ကရနေရာတစ်ခုလည်း ဖြစ်သည်။
အာဏာပိုင်များသည် ရောဂါကူးစက်ပြန့်ပွားမှုများကို ခြေရာခံရန် မြို့အနှံ့တွင် ဆေးစစ်မှုများကို အကြိမ်ကြိမ်လုပ်ဆောင်လျက်ရှိကာ ခြောက်ကြိမ်မြောက် ဆေးစစ်မှုများကို ဒီဇင်ဘာ ၃၀ ရက်တွင် စတင်လုပ် ဆောင်ခဲ့သည်။
ထို့အပြင် အာဏာပိုင်များက ခွင့်ပြုထားသည့် အရေးကြီးကိစ္စများနှင့် COVID-19 ရောဂါ စစ်ဆေးမှုမှလွဲ၍ အိမ်အပြင်မထွက်ရန် မြို့ခံများကို တားမြစ်ထားသည်။
ယင်းကဲ့သို့ တားမြစ်ချက်များသည် နေ့စဉ်လိုအပ်သည့်အရာများ ဝယ်ယူခြင်းကိုပါ ကန့်သတ်ထားသည့်အတွက် လူအများအပြားသည် စျေးဝယ်ထွက်ခြင်းမပြုနိုင်ဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကိုသာ အားထားနေရသည်။
ထို့အပြင် အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးသည့် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းမလုံလောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေရကာ အစိုးရက ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေသည်ဟု သိရသည်။
ရှီအန်းမြို့ကို လော့ဒေါင်းချထားရသည့်အချိန်သည် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည့် နှစ်နှစ်ပြည့် အထိမ်းအမှတ်နှင့်လည်း တိုက်ဆိုင်နေသည်။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၁,၈၉၀ ဦးရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်