
ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအချို့သည် ဆိုမာလီယာသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် သီးခြားစီဆွေးနွေးမှုအတွင်း နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဆိုမာလီယာတွင် တင်းမာမှုများကြောင့် စစ်ရေးပဋိပက္ခအသွင် ရောက်ရှိလာနိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဝန်ကြီးချုပ် မိုဟာမက် ဟူစိန်ရိုဘယ်သည် ဆိုမာလီယာတွင် လတ်တလော ဖြစ်ပွားနေသည့် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး အာဖရိကရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးအတွင်းဝန် မော်လီဖီးနှင့် သီးခြားဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ဆိုမာလီယာအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်လက်ထောက် နိုင်ငံခြားရေးအတွင်းဝန် မော်လီဖီးသည် ဆိုမာလီယာသမ္မတ မိုဟာမက် အဗ္ဗဒူလာဟီမိုဟာမက်နှင့်လည်း ဆွေးနွေးပြောဆိုခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် ဝန်ကြီးချုပ် ရိုဘယ်ကို အကူအညီပေးရန် တိုက်တွန်းခဲ့သည်ဟု ၎င်း၏ရုံးကတွစ်တာမှ ထုတ်ပြန်ကြေညာခဲ့သည်။
ပါလီမန်ရွေးကောက်ပွဲများကို နိုဝင်ဘာ ၁ ရက်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၄ တွင် အပြီးသတ်ရမည် ဖြစ်သော်လည်း ဒီဇင်ဘာ ၂၉ ရက်အထိ လွှတ်တော်ကိုယ်စားလှယ် ၂၇၅ ဦးထဲမှ ၃၀ ဦးကိုသာ ရွေးကောက်တင်မြှောက်ရသေးသည်ဟု ရွေးကောက်ပွဲကော်မရှင်၏အဆိုအရ သိရသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာမိတ်ဖက်များသည် ဆိုမာလီယာတွင် အခြေအနေတင်းမာနေမှုကို လျှော့ချရန် သက်ဆိုင်သူအားလုံးကို ဆက်သွယ်ကာ တိုက်တွန်းခဲ့သည်ဟု ဆိုမာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှပြောခွင့်ရ အာရီဂိုင်တာနစ်စ်က ဆိုသည်။
ဆွေးနွေးမှုများတွင် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် ဆိုမာလီယာရှိ ကုလသမဂ္ဂ၏ မိတ်ဖက်များ ပါဝင်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၉ ရက်တွင်မူ ၎င်းအဖွဲ့သည် လက်ရှိ ဆိုမာလီယာ သမ္မတနှင့် သမ္မတရွေးကောက်ပွဲတွင် ၎င်းနှင့် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများပါဝင်သော အဖွဲ့တစ်ဖွဲ့နှင့် သီးခြားတွေ့ဆုံခဲ့သည်ဟု သိရသည်။
“အဲဒီလိုတွေ့ဆုံဆွေးနွေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့နဲ့ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းဆိုင်ရာ ချွတ်ယွင်းချက်တွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဓိကအာရုံစိုက်လာအောင် တိုက်တွန်းဖို့ပဲဖြစ်ပါတယ်” ဟုလည်း ဂိုင်တာနစ်စ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ရိုဘယ်သည် အမေရိကန်လက်ထောက် နိုင်ငံခြားရေးအတွင်းဝန်နှင့် ဆွေးနွေးမှုအတွင်း ဆိုမာလီယာ၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာအခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်ဟု အစိုးရပြောခွင့်ရက ဆိုသည်။
ဒီဇင်ဘာ ၂၇ ရက်က သမ္မတ အဗ္ဗဒူလာဟီမိုဟာမက်သည် အကျင့်ပျက်ခြစားမှု သံသယဖြင့် ဝန်ကြီးချုပ်ကို တာဝန်မှ ဆိုင်းငံံ့ခဲ့သည်။ ယင်းလုပ်ရပ်သည် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း ဝန်ကြီးချုပ် ရိုဘယ်က ပြောကြားခဲ့ပြီး ၎င်း၏ရုံးမှ ထုတ်ပြန်သော ညွှန်ကြားချက်များကိုသာ လိုက်နာရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။ ဒီဇင်ဘာ ၂၉ ရက်တွင် ဝန်ကြီးချုပ် ရိုဘယ်၏ မဟာမိတ်နိုင်ငံရေးသမားများ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက သမ္မတအိမ်တော်အနီးရှိ နေရာတစ်ခုတွင် နှစ်ရက်ဆက်တိုက်နေရာယူထားခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်