
စီးပွားရေးနာလန်ထူမှုကို အားဖြည့်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို စီမံရန်ရည်ရွယ်သည့်အနေဖြင့် ပီဆို ၅.၀၂၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၉၈.၄၅ ဘီလျံ) ရှိသည့် ၂၀၂၂ ဘတ်ဂျက်ကို ဒီဇင်ဘာ ၃၀ ရက်တွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက လက်မှတ်ရေးထိုးခဲ့ရာ ဤဘတ်ဂျက်သည် ဖိလစ်ပိုင်၏ အကြီးဆုံးဘတ်ဂျက်ဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ်ဘက်ဂျက်ထက် ၁၁.၅ ရာခိုင်နှုန်း ပိုမိုများပြားသည့် ၂၀၂၂ အမျိုးသားဘက်ဂျက်သည် ဒူတာတေး၏ နောက်ဆုံးဘက်ဂျက်ဖြစ်သည်။ ဒူတာတေးသည် ဖိလစ်ပိုင်သမ္မတအဖြစ် ခြောက်နှစ်သက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ သမ္မတသက်တမ်းသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သည်။
၂၀၂၂ ဘတ်ဂျက်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေချိန် ခံနိုင်ရည်ရှိမှုကို တည်ဆောက်ရန်၊ စီးပွားရေးနာလန်ထမှုဆီဦးတည်သော အရှိန်အဟုန်ကို အကျိုးပြုရန်၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အမွေအနစ်ကို ဆက်လက်ဆောင်ရွက်ရန် အလေးထားသော လုပ်ငန်းစဉ်များကို နိုးကြွစေသည်ဟု ဒူတာတေးရုံးက ထုတ်ပြန်ခဲ့သည်။
အခြေခံအဆောက်အအုံကဏ္ဍအသုံးစရိတ်၊ နိုင်ငံပိုင်ကော်ပိုရေးရှင်းများအတွက် ဘတ်ဂျက်ထောက်ပံ့မှုနှင့် ဒေသန္တရအစိုးရအဖွဲ့များထံ ငွေလုံးငွေရင်းလွှဲပြောင်းပေးမှုများအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ပီဆို တစ်ထရီလျံလည်း ၂၀၂၂ ဘတ်ဂျက်တွင် ပါဝင်သည်။
အာရှတွင် ကိုရိုနာဗိုင်းရပ်စ်အဆိုးဆုံးဖြစ်ပွားခဲ့သော နိုင်ငံထဲတွင်ပါဝင်သည့် ဖိလစ်ပိုင်သည် ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသာကြောင့် ၂၀၂၂ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူရေးအတွက် ပီဆို ၄၈.၂ ဘီလျံအထိ သုံးစွဲရန်လျာထားသည်။
ကျန်းမာရေးအဆောက်အအုံသစ်များ ဆောက်လုပ်ရန်၊ လက်ရှိကျန်းမာရေးဌာနများကို တိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်ရန်၊ ဆေးရုံသုံးပစ္စည်းများ ဝယ်ယူရန် ပီဆို ၂၃ ဘီလျံကိုလည်း ဘတ်ဂျက်တွင် ခွဲဝေထားသည်။
ဗိုင်းရပ်စ်သစ်များ၊ ပေါ်ထွက်လာသော ဗိုင်းရပ်စ်များနှင့် ပြန်လည်ထွက်ပေါ်လာသော ဗိုင်းရပ်စ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ၏ လေ့လာမှုများကို အထောက်အကူဖြစ်စေမည့် ရောဂါပိုးမွှားဗေဒသိပ္ပံ တည်ထောင်ရေးအတွက် ဖိလစ်ပိုင်အစိုးရက ပီဆို ၉၈၃ သန်း သုံးစွဲသွားမည်ဖြစ်သည်။
ဖိလစ်ပိုင်သည် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၇.ဝမှ ၉.၀ ရာခိုင်နှုန်းရှိရန် ရည်မှန်းထားသည်။ ထို့အပြင် ၂၀၂၃နှင့် ၂၀၂၄ တို့တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆.၀ မှ ၇.၀ ရာခိုင်နှုန်းအထိ ရှိလာရန်လည်း ရည်မှန်းထားရာ ၂၀၂၁ ခုနှစ်အတွက် အဆင့်မြှင့်တင်ထားသည့် ရည်မှန်းချက်ဖြစ်သည့် ၅.ဝမှ ၅.၅ ရာခိုင်နှုန်းတို့ထက် ပိုမိုမြန်ဆန်သည့် တိုးတက်မှုနှုန်းများဖြစ်သည်။
ပြည်ပဖိလစ်ပိုင်လုပ်သားများနှင့် ၎င်းတို့၏ကိစ္စများကို ဆောင်ရွက်ပေးနေသော ဌာနများအကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးတက်စေရန်ရည်ရွယ်သည့်အနေဖြင့် ရွှေ့ပြောင်းလုပ်သားများဌာန ထူထောင်ခြင်းကို ဥပဒေအဖြစ်ဒီဇင်ဘာ ၃၀ ရက်တွင် သမ္မတဒူတာတေးက လက်မှတ်ရေးထိုးခဲ့သည်။
မာလာကာနန်နန်းတော်ရှိ ရီဇယ်ခန်းမတွင် ပြုလုပ်ခဲ့သော အခမ်းအနား၌ ဒူတာတေးက Republic Act 11641 ကိုလက်မှတ်ရေးထိုးခဲ့သည်။ ထိုဥပဒေသည် ရွှေ့ပြောင်းလုပ်သားများဌာနကို ထူထောင်သည့် အက်ဥပဒေဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်