
အမေရိကန်နှင့် ရုရှားအစိုးရ၏ အီရန်နိုင်ငံဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူများသည် ဗီယင်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားသံတမန်တစ်ဦးက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု နှစ်နိုင်ငံကိုယ်စားလှယ်များက ဆိုသည်။
အဆိုပါနျူကလီးယား သဘောတူညီချက်ဆိုင်ရာ ရုရှားအစိုးရသံတမန် မီခေးယူလီယာနော့ဗ်က ၎င်းသည် အီရန်ဆိုင်ရာ အမေရိကန် အထူးသံတမန် ရောဘတ်မာလေနှင့် တွေ့ဆုံခဲ့ကြောင်း တွစ်တာတွင် ရေးသားခဲ့ပြီး ၎င်းနှင့်အမေရိကန်သံတမန်တို့ စားပွဲဝိုင်းတစ်ဖက်တစ်ချက်တွင် ထိုင်ကာဆွေးနွေးနေသည့် ပုံများကိုလည်း တွစ်တာတွင် တင်ခဲ့သည်။
သံတမန်နည်းအရ အသေးစိတ်ဆွေးနွေးခဲ့ခြင်းမရှိကြောင်း အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။
“ဗီယင်နာဆွေးနွေးပွဲကာလအတွင်း အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့အကြား နီးနီးကပ်ကပ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဟာ JCPOA သဘောတူညီချက် ပြန်လည်အသက်သွင်းရေးကို ရှေးရှုတဲ့အခြေအနေ တိုးတက်ဖြစ်ထွန်းမှုအတွက် အရေးပါတဲ့ မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်” ဟု Joint Comprehensive Plan of Action နျူကလီးယား သဘောတူညီချက်ကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။
JCPOA သဘောတူညီချက်ကို ပြန်အသက်သွင်းမည့် တိကျခိုင်မာသော နည်းလမ်းများနှင့် ပတ်သက်၍ အကျိုးရှိပြီး လေးနက်သည့် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသည် ၎င်းတို့နှစ်ဦးအကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟုလည်း သိရသည်။
သီးခြားအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ဖုန်းပြောဆိုဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ ဆွေးနွေးရာတွင် အီရန်နျူကလီးယားအရေးသည် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲတွင် ပါဝင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
“အီရန်အနေနဲ့ နျူကလီးယား သဘောတူညီချက်မှာ ပြန်လည်ပါဝင်လာဖို့ အချိန်အကန့်အသတ် ရှိလာချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ အဲဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ နက်ဒ်ပရိုက်စ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အရ အီရန်၏နျူကလီးယားဆိုင်ရာ လည်ပတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကန့်သတ်ပြီး အပြန်အလှန်အနေဖြင့် အီရန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့သော်လည်း သမ္မတဒေါ်နယ်ထရန့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အမေရိကန်က ၎င်းသဘောတူညီချက်မှ နုတ်ထွက်ကာ ဒဏ်ခတ်မှုများ ပြန်လည်ချမှတ်ခဲ့သည်။ အီရန်ဘက်ကလည်း သဘောတူညီချက်ပါ ကန့်သတ်ချက်အများအပြားကို ဆက်တိုက်ချိုးဖောက်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်