
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားမှု ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သေဆုံးမှု လေးရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုမှာ ယခင်ရက်သတ္တပတ်ထက် ဖြစ်ပွားမှု ပြန်လည်မြင့်တက်ခဲ့ပြီး သေဆုံးမှု လျော့ကျကာ တစ်ပတ်အတွင်း လူနာသစ် ၄၉၈၅၀၉၃ ဦးနှင့် သေဆုံးသူ ၄၄၆၈၀ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောဂါဖြစ်ပွားမှုအရ Europe region ၌ သုံးရာခိုင်နှုန်း၊ Americas region တွင် ၃၉ ရာခိုင်နှုန်း၊ Africa region တွင် ခုနစ်ရာခိုင်နှုန်း၊ Western Pacific region တွင် သုညရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Eastern Mediterranean တွင် သုံးရာခိုင်နှုန်း၊ South-East Asia region တွင် ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးမှုအရ Europe region တွင် ၁၂ ရာခိုင်နှုန်း၊ Western Pacific region တွင် သုံးရာခိုင်နှုန်း၊ Eastern Mediterranean တွင် ခုနစ်ရာခိုင်နှုန်း လျော့ကျခဲ့ပြီး Americas region တွင် ခုနစ် ရာခိုင်နှုန်း၊ South-East Asia region ၌ ကိုးရာခိုင်နှုန်း၊ Africa region တွင် ၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ရောဂါလက္ခဏာမပြဘဲ COVID-19 ရောဂါကူးစက်သူများကို အကြံပြုထားသော သီးခြားခွဲ၍ နေထိုင်ရမည့် အချိန်ကာလကို အမေရိကန် ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင် ထက်ဝက်လျှော့ချပေးလိုက်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ သိသိသာသာ မြင့်တက်လာမှုကြောင့် လူမှုရေးဆိုင်ရာ သွားလာလှုပ်ရှားမှုများအပေါ် ပိုမိုကျယ်ပြန့်သည့် သက်ရောက်မှုများ ရှိလာနိုင်သည့် အလားအလာ ရှိနေသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမပြုရန် သမ္မတဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့သည်။
အမေရိကန်ရှိ ဆေးရုံအချို့တွင် မနိုင်မနင်းအခြေအနေမျိုး ဖြစ်လာနိုင်သော်လည်း ယေဘုယျအားဖြင့်ဆိုလျှင် လတ်တလော ကူးစက်မှု မြင့်တက်လာသည့် အခြေအနေကို ကာမိစေရန် ကောင်းစွာပြင်ဆင်ထားကြောင်း အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့် အခြေအနေနှင့် စပ်လျဉ်း၍ ဘိုင်ဒင်က ပြောကြားခဲ့သည်။
အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အသွားအလာအများဆုံး ခရစ္စမတ် အားလပ်ရက်ကာလ၌ လေကြောင်းလိုင်းများကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး လေယာဉ်အမှုထမ်း မလုံလောက်သည့် ပြဿနာလည်း ဖြစ်ပေါ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်