
ဟောင်ကောင်တွင် အစိုးရအဖွဲ့ကို အကြည်ညိုပျက်စေသည့် သတင်းများထုတ်လွှင့်ရန် ပူးပေါင်းကြံစည်မှုဖြင့် လူခြောက်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က အွန်လိုင်းမှသတင်းများ ဖော်ပြနေသည့် ဒီမိုကရေစီလိုလားသည့် သတင်းမီဒီယာတစ်ခု၏ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းသည် ဟောင်ကောင်၌ အစိုးရနှင့် သဘောထားကွဲလွဲသူများကို ဖိနှိပ်သည့် နောက်ဆုံးလှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။
ဟောင်ကောင်တွင် ယခုနှစ်အစောပိုင်းက ဒီမိုကရေစီလိုလားသည့် Apple Daily သတင်းစာ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသည့် အထင်ကရ သတင်းမီဒီယာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Stand News သတင်းမီဒီယာကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူများသည် ယင်းမီဒီယာနှင့် ဆက်နွှယ်မှုရှိသူများဖြစ်သည်။
စီးနင်းရှာဖွေမှုတွင် အရာရှိ ၂၀၀ ကျော် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့တွင် ပြီးခဲ့သည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် တရုတ်၏အမျိုးသားလုံခြုံရေးဥပဒေအရ သတင်းမီဒီယာနှင့်သက်ဆိုင်သည့် စီးနင်းရှာဖွေခွင့် ဝရန်းပါရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက ဖမ်းဆီးခံခဲ့ရသူ ခြောက်ဦးသည် ကိုလီနီခေတ်က ဥပဒေဖြစ်သည့် အစိုးရကို အကြည်ညိုပျက်စေသည့် အကြောင်းအရာများ ရေးသားဖော်ပြရန် ပူးပေါင်းကြံစည်မှုဥပဒေဖြင့် ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့၏ နေအိမ်များကိုလည်း ရှာဖွေမှုများလုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် ပြစ်မှုထင်ရှားစီရင်ခံရမည်ဆိုပါက ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ် ဒေါ်လာ ၆၄၀ ချမှတ်ခံရဖွယ်ရှိသည်။
ဖမ်းဆီးခံရသူ ခြောက်ဦးအနက် တစ်ဦးမှာ Stand News သတင်းမီဒီယာတွင် လက်ရှှိလုပ်ကိုင်နေသည့် အယ်ဒီတာတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အယ်ဒီတာဟောင်းဖြစ်သည်ဟု South China Morning Post သ တင်းစာတွင်ဖော်ပြခဲ့သည်။
ကျန်လေးဦးမှာ အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူဖြစ်သည့် ဒန်းနိစ်ဟိုနှင့် လွှတ်တော်အမတ်ဟောင်း မာဂရက် အန်တို့အပါအဝင် Stand News ၏ ဘုတ်အဖွဲ့ဝင်ဟောင်းများဖြစ်သည်ဟု ယင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဟို၏ Facebook အကောင့်တွင် ၎င်းဖမ်းဆီးခံခဲ့ရသည့်အကြောင်းကို အတည်ပြုဖော်ပြခဲ့သည်။ ၎င်း၏အကောင့်တွင် ၎င်းကိုယ်စားတင်ပေးခဲ့သည့် နောက်ဆက်တွဲ မက်ဆေ့ချ်တစ်ခုတွင် ဟိုသည် အဆင်ပြေကြောင်းနှင့် မိတ်ဆွေများနှင့် ထောက်ခံသူများကို စိတ်မပူရန် တိုက် တွန်းဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်မနက်အစောပိုင်း၌ Facebook ပေါ်တွင်တင်ခဲ့သည့် Stand News မီဒီယာ၏ ဗီဒီယိုထဲတွင် ရဲအရာရှိများသည် လက်ထောက်အယ်ဒီတာ ရိုဆန်ချန်း၏ နေအမ်ကို ဝင်ရောက်ခဲ့ပုံကို ဖော်ပြခဲ့သည်။ ဟောင်ကောင်ဂျာနယ်လစ်များအသင်း (HKJA) ၏ ဥက္ကဋ္ဌဖြစ်သူ ချန်းကို စစ်ဆေးမေးမြန်းရန် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သည်ဟု Stand News ကဖော်ပြခဲ့သည်။
ချန်းသည် မကြာမီအချိန်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်း၏ လျှပ်စစ်ပစ္စည်းများ၊ ဘဏ်ကဒ်များနှင့် သတင်းမီဒီယာကဒ်ကို ရဲတပ်ဖွဲ့က သိမ်းယူခဲ့သည်ဟု မီဒီယာတစ်ခုကို ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်