Top News

PSG ပရိသတ်များ၏ လှောင်ပြောင်မှုကို မက်ဆီ ဂရုစိုက်နေမည်မဟုတ်ဟု ဒီမာရီယာ သုံးသပ်
24htopnews | January 1, 2025 11:12 AM CST

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ကာလက PSG အသင်းသို့ ရောက်ရှိလာပြီးနောက် မျှော်လင့်ထားသည့်အတိုင်း ခြေစွမ်းမပြနိုင်ခဲ့သည့် နာမည်ကျော်တိုက်စစ်မှူး မက်ဆီသည် PSG ပရိသတ်များ၏လှောင်ပြောင်မှုကို ဂရုစိုက်နေမည်မဟုတ်ဟု ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းဖော် ဒီမာရီယာက သုံးသပ်ခဲ့သည်။

အာဂျင်တီးနားရေဒီယို Urban Play FM နှင့်အင်တာဗျူးတွင် ဒီမာရီယာက PSG အသင်းပရိသတ်များသည် ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအတွက် ယုံကြည်ရန်ခက်ခဲလွန်းသည်ဟုလည်း ဝန်ခံခဲ့သည်။

Ballon d'Or ဆုကို စံချိန်တင် ခုနစ်ကြိမ်အထိရယူထားသည့် မက်ဆီသည် ယခုရာသီအတွင်း PSG အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲအတွင်း ကိုးဂိုးသာသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် ၎င်းကို အဓိကပစ်မှတ်ထားကာ ပရိသတ်များက အသင်း၏ပွဲစဉ်တိုင်းနီးပါး လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။

PSG အသင်းတွင် ခုနစ်ကြာကစားထားခဲ့သည့် ဒီမာရီယာက သူ၏အနာဂတ်အစီအစဉ်နှင့်ပတ်သက်ပြီး "စာချုပ်က ဇွန်လမှာ ကုန်ဆုံးမှာပါ။ ကျွန်တော့်ရဲ့စိတ်ကူးကတော့ ဒီမှာ ဆက်ကစားသွားလိုပါတယ်။ ဥရောပမှာ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်ကို ပါရီမှာပဲရှိနေလို့ လိုလားတာအမှန်ပါပဲ။ ကလပ်ကလည်း ကျွန်တော့်လို ဆန္ဒရှိနေမလားဆိုတာတော့ မသိပါဘူး" ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK