
တော့တင်ဟမ်ဟော့စပါးက ကွန်တီ ကိုင်တွယ်ဖူးသမျှ ထိပ်တန်းအသင်းတွေထဲမှာ အနိမ့်ပါး ဆုံးအသင်းပါ။ ဒါကိုလည်း သူ မကြာခဏ ထုတ်ပြောတယ်။ ချန်ပီယံဆုအတွက်ပဲ အစဉ်အဆက် ယှဉ်ပြိုင်ခဲ့ရတဲ့ သူ့အတွက် အဆင့်(၄) နေရာကို ပစ်မှတ်ထားယှဉ်ပြိုင်ရတာ အစိမ်းသက်သက် ဖြစ်နေတယ်လို့ ကွန်တီ ပြောဖူးတယ်။ ဒါပေမဲ့ စပါးကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ကတည်းက ဒီအတွက် ကြိုပြင်ဆင်ပြီးသား ဖြစ်နေရမှာပါ။ စပါးရဲ့ လက်ရှိ အခြေအနေနဲ့ ဖြစ်တည်မှုအပေါ် စောဒကတက်ခဲ့တဲ့ သူ့ကို အဲဒီတုန်းက စပါးပရိသတ်တွေ အမြင်မကြည်ခဲ့ကြဘူး။ အခုတော့ ကွန်တီ လေသံပြောင်းသွားပြီ။ စပါးကို သူမရောက်ခင်က ဒီအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေး ရှိလိမ့်မယ်လို့ ဘယ်သူမှ တွေးထင်ခဲ့မှာမဟုတ်ဘူးလို့ လက်စတာကို အနိုင်ရတဲ့ပွဲအပြီးမှာ ကွန်တီ ပြောခဲ့တယ်။ ကွန်တီ တာဝန်ယူဖူးခဲ့သမျှ အသင်းတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အရမ်းအားကောင်းကြတယ်။ ကွန်တီရဲ့ နိုင်ပွဲ ဆာလောင်စိတ်၊ မဆုတ်မနစ် ကြိုးစားတတ်တဲ့ စိတ်ဆန္ဒတွေက ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ဟူဘယက်၊ ဘန်တန်ကာ၊ ရိုမဲရိုးတို့နဲ့ အံဝင်ခွင်ကျ ရှိနေတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်