အဆင့်(၆)နေရာအား မန်ယူကို ကျော်ဖြတ်ပြီး ရယူနိုင်မည်ဟု ယုံကြည်ကြောင်း အန်တိုနီယို ပြောကြား
24htopnews | January 1, 2025 11:12 AM CST

ဝက်စ်ဟမ်းအသင်း၏ တိုက်စစ်မှူး အန်တိုနီယိုက မန်ယူအသင်းကို ကျော်ဖြတ်ပြီး အဆင့်(၆)နေရာရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အန်တိုနီယို၏ ဝက်စ်ဟမ်းအသင်းသည် လက်ရှိအချိန်၌ မန်ယူ၏အောက် အဆင့်(၇) နေရာရောက်နေသော်လည်း (၃)မှတ်သာကွာပြီး တစ်ပွဲလျော့နေသည်။
ထို့ပြင် ဂိုးကွာခြားချက်၌ အသာရထားသည့်အတွက် လက်ကျန်နှစ်ပွဲစလုံးအနိုင်ရခဲ့ပါက မန်ယူကို ကျော်တက်နိုင်မည်ဖြစ်သည်။
အန်တိုနီယိုက "ကျွန်တော်တို့မှာ ယူရိုပါလိဂ် မျှော်လင့်ချက်ရှိနေတုန်းပါပဲ။ ဒီအတွက် မန်ယူကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်