Top News

တော်မီယာဆု၏ ဘယ်အစွန်မှခြေစွမ်းကို အာတီတာ ကျေနပ်
24htopnews | January 1, 2025 11:12 AM CST

 

အာဆင်နယ်နည်းပြ အာတီတာက တော်မီယာဆု၏ ဘယ်အစွန်တွင် ကစားခဲ့သည့်ခြေစွမ်းကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်။

တော်မီယာဆုသည် နောက်တန်းညာအစွန်တွင် အဓိကနေရာယူကစားသူဖြစ်သော်လည်း လိဒ်စ်နှင့်ပွဲ တွင် အာတီတာက ဘယ်အစွန်၌ ပြောင်းလဲကစားစေခဲ့ခြင်းဖြစ်သည်။ 

ယင်းအတွက် ပွဲအပြီးတွင် မေးမြန်းခဲ့ရာ အာတီတာက "ဒါက ဒီနေ့ပွဲအတွက်ပါပဲ။ နောက်ပွဲအတွက် မစဉ်းစားထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မှန်ကန်တဲ့ အပြောင်းအလဲ လုပ်နိုင် ခဲ့တယ်လို့ ထင်ပါတယ်။ ဘယ်အစွန်မှာ ကစားခဲ့တဲ့ သူ့ခြေစွမ်းကို ကျေနပ်မိပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK