
ဆာကာက ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲကစားရာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဆုံးရှုံးရတာက အော်ဒီဂွါကိုဆုံးရှုံးရတာထက်တောင် ထိခိုက်နစ်နာစေနိုင်တယ်လို့ ဆိုရမှာပါ။ ဆာကာက ၂၃ နှစ်သာရှိသေးပေမဲ့ အာဆင်နယ်အသင်းရဲ့ ဝါအရင့်ဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၅ နှစ်က အာဆင်နယ်အသင်းကို အာတီတာ စတင်ကိုင်တွယ်ချိန် ပထမဆုံးပွဲထုတ်ခဲ့တဲ့ လူစာရင်းမှာ လက်ရှိကစားသမားတွေထဲက ပွဲထွက်ခွင့်ရခဲ့တာဟာ ဆာကာ တစ်ဦးသာ ရှိပါတယ်။ အဲဒီတုန်းကတော့ ဆာကာက နောက်တန်းဘယ်အစွန်မှာ ကစားခဲ့ရတာပါ။ အခုတော့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ရသူဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကစားသမားကို ပွဲပေါင်းများစွာ လက်လွတ်ဆုံးရှုံးရမယ့်အခြေအနေက အာတီတာအတွက် ခေါင်းခဲချင်စရာပါပဲ။ ဆာကာ မပါဝင်နိုင်တဲ့ အစ်ဝစ်ချ်နဲ့ပွဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ပေမဲ့ ရင်ဆိုင်စရာပွဲကျပ်တွေက အများကြီးရှိနေပါသေးတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်