
မန်ယူအသင်းသည် ဒီဇင်ဘာ ၃၀ ရက်က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် နည်းပြ အာမိုရင်မ်အနေဖြင့် အသင်း၏ ၁၀၃ နှစ်တာသမိုင်းတွင် အဆိုးရွားဆုံးနည်းပြမှတ်တမ်းနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အာမိုရင်မ်သည် မန်ယူအသင်းတွင် နည်းပြအဖြစ် စတင်တာဝန်ယူကတည်းက ပထမဆုံး ပရီးမီးယားလိဂ် ရှစ်ပွဲတွင် ငါးပွဲအထိ အရေးနိမ့်ခဲ့ပြီး ၁၀၃ နှစ်တာအတွင်း အသင်းနည်းပြများထဲတွင် အဆိုးရွားဆုံးစတင်မှု ဖြစ်ခဲ့သည်။ ထို့ပြင် မန်ယူအသင်းသည် နယူးကာဆယ်နှင့်ပွဲအပြီးတွင် အခြားမှတ်တမ်းဆိုးများကိုလည်း ပိုင်ဆိုင်ခဲ့ရသည်။ ဒီဇင်ဘာလအတွင်း ရှုံးပွဲခြောက်ပွဲအထိ ရှိခဲ့ပြီး ၁၉၃၀ စက်တင်ဘာလက ခုနစ်ပွဲ အရေးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲအများဆုံးဖြစ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၁၈ ဂိုး ပေးခဲ့ရမှုမှာလည်း ၁၉၆၄ ခုနှစ် မတ်လက ၁၈ ဂိုးပေးခဲ့ရအပြီးတွင် အများဆုံးဖြစ်ခဲ့သည်။
မန်ယူအသင်းအနေဖြင့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် မကစားနိုင်သည့် ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲတွင်လည်း ဂိုးပေါက်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ အာမိုရင်မ်အနေဖြင့် မန်ယူအသင်းကို ကိုင်တွယ်သည့် ၁၁ ပွဲ တွင် ခြောက်ပွဲအထိ အရေးနိမ့်ခဲ့ပြီး အခြားပွဲများတွင် လေးပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့သည်။ ထို့ပြင် ပရီးမီးယားလိဂ် သုံးပွဲဆက်အပါအဝင် ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲတွင် သွင်းဂိုးမရှိဖြစ်ခဲ့သည်။ မန်ယူအသင်းသည် ၂၀၁၅ ခုနှစ်က လူးဝစ်ဗန်ဟားလ်လက်ထက်နောက်ပိုင်း ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့ရသည်။
မန်ယူအသင်းသည် အာမိုရင်မ်အား နည်းပြအဖြစ်ခန့်အပ်ရာတွင် ပေါင် ၂၁ သန်း အထိ ကုန်ကျခဲ့ပြီး တန်ဟက်ဂ်အား ထုတ်ပယ်မှုအတွက် လျော်ကြေး ပေါင် ၁၀ သန်းနှင့် အာမိုရင်မ်အား ခန့်အပ်မှုအတွက် စပို့တင်းလစ္စဘွန်းအသင်းအား လျော်ကြေး ပေါင် ၁၁ သန်း ပေးချေခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အဆင့် ၁၄ နေရာသို့ ရောက်ရှိနေပြီး တန်းဆင်းဇုန် နှင့် ခုနစ်မှတ်သာ ကွာဟတော့သည့်အနေအထားတွင် ရှိနေသည်။
တန်းဆင်းအန္တရာယ်နှင့် ပတ်သက်ပြီး အာမိုရင်မ်က "တန်းမဆင်းရရေး ရုန်းကန်ရနိုင်တယ်လို့ ကျွန်တော် ယူဆ ပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေကို ရှင်း ရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ကျွန်တော် တို့မှာ ပြောင်းလဲရတဲ့အရာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီရာသီက လူတိုင်းအတွက် အမှန်တကယ်ခက်ခဲတဲ့ရာသီလည်းဖြစ်တယ်။ ဒါက ကျွန်တော်တို့ ပိုသန်မာလာအောင် ပြုလုပ်နိုင်ပြီး တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့ကလပ်ရဲ့သမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့်တစ်ခုပါပဲ။ ဒါကို ကျွန်တော်တို့ လက်ခံရပါ မယ်။ ကျွန်တော်တို့ရဲ့ပရိသတ်တွေရှေ့မှာ နောက်ထပ်ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ၁၉၇၅ ခုနှစ်တွင် တန်းပြန်တက်လာပြီးကတည်းက အင်္ဂလန် Top-flight တွင် တောက်လျှောက်ကစားခဲ့သည့်အသင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်