
မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဒီဘရိုင်းနားက လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခြင်းမရှိသေးဟု ထုတ်ဖော် ပြောကြားခဲ့သည်။
ဒီဘရိုင်နား(၃၃ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မိသားစုအတွက် ဦးစားပေးရမည့်အချိန် ရောက်ရှိနေပြီဟု ပြောကြားခဲ့သည့်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် ဆက်ဆံရေးအဆင် မပြေဖြစ်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။
ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် မန်စီးတီးအသင်း၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ကာလရှည်ခြေစွမ်းပြခဲ့သူဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ ၎င်း၏ အသက်အရွယ်ကြောင့် မန်စီးတီးအသင်းက သက်တမ်းတိုးလို ခြင်းမရှိတော့ကြောင်း သိရသည်။
ထို့ကြောင့် ဒီဘရိုင်းနားအနေဖြင့် မေဂျာလိဂ် သို့မဟုတ် ဆော်ဒီလိဂ်သို့ ရောက်ရှိဖွယ်ရှိကြောင်း သတင်းထွက်နေချိန်တွင် ၎င်းက စာချုပ်ကိစ္စ နှင့်ပတ်သက်၍ မန်စီးတီးအသင်းနှင့် ဆွေးနွေးရခြင်းမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''No.၊ ဘာမှ မဆွေးနွေးရသေးပါဘူး''ဟု စာချုပ်ကိစ္စအတွက် ဒီဘရိုင်းနားက ပြောကြားခဲ့သော်လည်း ဆွေးနွေးသွားရန် ဆန္ဒရှိသည်ဟုလည်း ဆိုခဲ့သည်။
ဒီဘရိုင်းနားသည် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ တွင် ၎င်းင်းအား ခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများနှင့် ဆွေးနွေးညှိ နှိုင်းခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် မေဂျာလိဂ်ကလပ်အသင်းများနှင့် ဆော်ဒီလိဂ်ကလပ်အသင်းများက ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ ယခုအခါ တူရကီကလပ် ဖီနာဘာချီအသင်းလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ဖီနာဘာချီအသင်းက ၎င်းကို တစ်ပတ် ပေါင်(၂၅၀၀၀၀)ဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်