Top News

ဘယ်ကိုသွားမလဲ အယ်လ်ဘာတို
24htopnews | January 1, 2025 1:12 PM CST

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းအနေနဲ့ လက်စ်ပါမားစ်အသင်းရဲ့ စပိန်ကြယ်ပွင့်တိုက်စစ် ကစားသမား အယ်လ်ဘာတိုမိုလီယာရိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ဥရောပမီဒီ ယာတွေအတော်များများ ဖော်ပြခဲ့ကြတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ အယ်လ်ဘာတိုမိုလီယာရိုကို ပေါင်သန်း(၅၀)ဝန်းကျင်နဲ့ လာမယ့် အပြောင်းအရွှေ့မှာ ကမ်းလှမ်းသွားဖွယ်ရှိကြောင်းကိုလည်း ဗြိတိန်မီဒီယာတွေက ဆက်လက်ဖော်ပြခဲ့ကြတယ်။ ဒါပေမဲ့ မော်ဒန်ဘောလုံးကမ္ဘာမှာ အပြောင်းအရွှေ့တွေက ကြိုတင်မှန်းဆနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ အယ်လ်ဘာတိုမိုလီယာရိုကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ဥရောပထိပ်သီးအသင်းတွေအပြင် ဆော်ဒီလိဂ်ရဲ့အင်အားကြီးကလပ် အယ်လ်ဟီလာလိုအသင်းတောင် ပါဝင်နေပါတယ်။ ဒါကြောင့်လည်း အယ်လ်ဘာတိုမိုလီယာရိုရဲ့ အပြောင်းအရွှေ့သတင်းတွေက စောင့်ကြည့်ချင်စရာကောင်းနေတယ်လို့ ဆိုရမှာပါ။


READ NEXT
Cancel OK