Top News

2021 Timeline 2
24htopnews | January 1, 2025 4:12 PM CST

ဇူလိုင်

ဇူလိုင်  ၆                 မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်။

ဇူလိုင်  ၈                 ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းထပ်နေသူများ ၊ အသက် ၁၀၀ နှစ်အထက်နှင့် ၁၈ နှစ်မပြည့်ဘဲ ပါဝင်နေသူများစာရင်းအရ မဲမသမာ မှုဖြစ်ပွားခဲ့သည့် မဲဆန္ဒရှင်အရေအတွက် ၁၁ သန်းကျော်ရှိဟု ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်။

ဇူလိုင်  ၉                 ပုဒ်မ ၅၀၅ (ခ) အပါအဝင် သဘာဝဘေးအန္တရာယ်ပုဒ်မ များဖြင့် တရားစွဲဆိုထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့်ဝန်ကြီးများအား စွဲချက်တင်ကြောင်းအမိန့်ချ။     

ဇူလိုင်  ၁၂               ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေဖြင့်  ယခင်အမှုဖွင့်လှစ်ထားသည့် တစ်မှုအပါအဝင်အမှုလေးမှုဖြင့် ထပ်တိုးတရားစွဲဆို။

 ဇူလိုင်  ၂၀              ဖမ်းဆီးထိန်းသိမ်းခံထားရသည့် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်။

ဇူလိုင်  ၂၁               DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကိုဗစ်ရောဂါ ပိုးကူးစက်ခံရပြီး မင်္ဂလာဒုံတပ်မတော်အသည်းရောဂါ ဆေးရုံ၌ ကွယ်လွန်။

ဇူလိုင်  ၂၇               ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ် ဖျက်ကြောင်း UEC ကြေညာ။

ဇူလိုင်  ၂၉               မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်လာ အောင် တိုက်တွန်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန် တောင်းဆို။

ဇူလိုင်  ၃၁               ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဇိုမီးဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ပူကျင်ရှင်းထန်သည် ကလေးမြို့ရှိ နေအိမ်တွင် ကွယ်လွန်။

 

သြဂုတ်

သြဂုတ်  ၁               နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်း ။

          ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများအတွက် ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန် ပေးအပ်။

သြဂုတ်  ၁၂             ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင်ပြည် နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းငါးဦးအား အဂတိလိုက်စားမှုဖြင့် အမှု ဖွင့် ။

သြဂုတ်  ၁၈             နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့် ။

သြဂုတ်  ၂၃             အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စား လှယ်များ၏ဆန္ဒကို အလေးထားနိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက် နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြား ။

သြဂုတ်  ၂၇             ရဟတ်ယာဉ်တစ်စင်း ဝယ်ယူခြင်းနှင့်တစ်စင်းငှားရမ်းအ သုံးပြုခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်း မြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ။

 

စက်တင်ဘာ

စက်တင်ဘာ  ၇ အရေးပေါ်အခြေအနေကြေညာထားမှုကို ပြန်လည်ရုပ် သိမ်းပေးရန်နှင့် ကရင်ဒေသကို အခြေပြု၍ စစ်ရေးလှုပ်ရှားခြင်းမပြုလုပ် ရန်KNU  ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာ ထွက်ပေါ် ။

စက်တင်ဘာ  ၈  လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမသဘောတူစာချုပ်မှာ အတုအယောင် ဖြစ်ပြီး သတင်းအမှားသာဖြစ်ဟု RCSS ရှင်းလင်း ။

စက်တင်ဘာ  ၁၇       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုစုပေါင်း ရာထူး လေးသောင်းကျော် ကို  ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့။

စက်တင်ဘာ ၂၁ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်တွင်းခရီးစဉ်အဖြစ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်တိုက်သွားရောက်ပြီး တပ်နယ်များ မှ အရာရှိ ၊ စစ်သည်များနှင့်ဒေသအုပ်ချုပ်ရေးအဖွဲ့များအား တွေ့ဆုံမှုများ ပြုလုပ် ။

                  ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက် တင်ရန် အမိန့်ချ။

စက်တင်ဘာ ၂၃                  လျှို့ဝှက်အက်ဥပဒေဖြင့် သြစတြေးလျနိုင်ငံသား ရှောင်တာ နယ်နှင့်စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း အပါအဝင် ဝန်ကြီးဟောင်း သုံးဦးကို ဒက္ခိဏခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေး။

စက်တင်ဘာ ၂၇                  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော် ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခြင်းခံထားရသည့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့ကို ရုံးထုတ်စစ်ဆေး။

စက်တင်ဘာ ၃၀        သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၂၄ ရက် တစ်လအတွင်း နိုင်ငံရေးပါတီ ၁၈ ပါတီ၏ ရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းများ စာရင်းပြုစု ထား ရှိမှုကို  UEC က စစ်ဆေးပြီးစီးခဲ့ကြောင်း ထုတ်ပြန်။

 

အောက်တိုဘာ

အောက်တိုဘာ ၁       တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များ မှ တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ။

အောက်တိုဘာ ၄                 ုြ့ မူဝါဒသဘောထားရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များ လုပ်ဆောင်လာသည့်အတွက် NUG နှင့် PDF အဖွဲ့ထံ KNU ဒူးပလာခရိုင်ဥက္ကဋ္ဌ၏ အသိပေးစာ ထုတ်ပြန်။

အောက်တိုဘာ ၅       မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမည့် ဥပဒေကြမ်းတစ် ရပ်ကို အမေရိကန်အောက်လွှတ်တော်၌ တင်သွင်း ။

အောက်တိုဘာ  ၆   မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်း နှင့် တပ်တော်ဝင်အခမ်းအနားကို သီလဝါအမှတ် (၃) ဆိပ်ခံတံတား၌ ပြု လုပ်ခဲ့ပြီး ကမ်းခြေစောင့်တပ်အား စစ်ရေယာဉ်လေးစင်း လွှဲပြောင်းပေး အပ် ။

အောက်တိုဘာ ၈       နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စွဲဆိုထားသည့်အမှုများကို ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုဖြစ်သူနှင့်သက်သေ ဦးဖြိုးမင်းသိန်းတို့ကို ပြန်လှန်စစ်မေးခြင်းများ ပြုလုပ် ။

          ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ် ချမှတ် ။

          ရန်ကုန်မြို့ရှိ မြို့နယ် ၃၁ မြို့နယ်၌ လူငါးဦး (သို့မဟုတ်) ငါး ဦးထပ်ပိုကာ လမ်းမကြီးများနှင့် လမ်းသွယ်၊ လမ်းကြားများတွင် စုဝေးခြင်း မပြုလုပ်ရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ည မထွက်ရအမိန့်ထုတ် ပြန်။

အောက်တိုဘာ ၁၀       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ။

အောက်တိုဘာ ၁၁  ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထား သည့်အမှုကို စွဲချက်တင်ကြောင်း အမိန့်ချ ။

          ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကျန်းမာရေးထိခိုက်လာ နိုင်သဖြင့် ရုံးချိန်းများကို နှစ်ပတ်လျှင် တစ်ကြိမ် ချိန်းဆိုပေးရန် လျှောက်ထားမှု ကို တရားရုံးက ပယ်ချ။

အောက်တိုဘာ ၁၅  NCA ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား သို့ NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် KNU နှင့် CNF မှလွဲ၍ ကျန်ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်။

အောက်တိုဘာ ၁၆ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြု။               

အောက်တိုဘာ ၁၈       အကြိမ် (၂၀) မြောက် အာဆီယံအသိိုက်အဝန်းကောင်စီ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်။

အောက်တိုဘာ ၁၉       G-7 ASEAN ဝန်ကြီးများအဆင့် အစည်းအဝေးတက် ရောက်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားမည်မဟုတ်ကြောင်း ဗြိတိန်အစိုးရက ပြောကြား။

အောက်တိုဘာ ၂၅       အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအ ကဲ ၊ အစိုးရအဖွဲ့အကြီးအကဲ(သို့မဟုတ်) နိုင်ငံအကြီးအကဲကို ကိုယ်စားပြု မည့် ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်က ပါဝင်တက်ရောက်ရေးကိုသာ လက်ခံမည်ဟု အကြောင်းပြန်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ။

အောက်တိုဘာ ၂၆       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ကိုယ်စား လှယ်တစ်ဦးစေလွှတ်ရန် ငြင်းဆန်ခဲ့ပြီးနောက် အာဆီယံထိပ်သီး အစည်း အဝေးကို မြန်မာနိုင်ငံမပါဘဲ ကျင်းပ။

အောက်တိုဘာ ၂၇         ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ် ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ အန်နာသိုလီ ဘူဘော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်နေပြည် တော်တွင် တွေ့ဆုံ။

 

နိုဝင်ဘာ

နိုဝင်ဘာ ၁              နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုခြင်းခံ ထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေး။

                  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) နှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ၊ ကချင်ဘာသာရေးခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံ ။

                  ထောင်ဒဏ်ထည့်သွင်းပြီး စကားရပ်အချို့ ဖြည့်စွက်ထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်း။

နိုဝင်ဘာ  ၇             ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီအား သေနတ် ၁၇ လက်နက်နှင့်ဖမ်းဆီးရမိပြီး ၎င်းအား ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်။

နိုဝင်ဘာ  ၈             ပြည်သူတို့၏အခွင့်အာဏာကို ပြည်သူ့ထံပြန်လည်အပ်နှံရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ထမ်းဆောင်မည်ဟု NLD ပါတီ ထုတ်ပြန်။

နိုဝင်ဘာ  ၉             အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၅ နှစ် ၊ ပြည်နယ် ဝန်ကြီးဟောင်း ဦးသန်းနိုင်ကို ထောင်ဒဏ်အနှစ် ၉၀ ချမှတ်။

                  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေအဖြစ် ထွက်ဆိုရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို တင်သွင်းမှု တရားရုံးလက်ခံ။

နိုဝင်ဘာ  ၁၂            ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ တွေ့ဆုံ၍ နှစ် နိုင်ငံကာကွယ်ရေးကဏ္ဍအပြင် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေး ။

နိုဝင်ဘာ  ၁၅            ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းအပါအဝင် ၁၆ ဦးအား ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန် ။

နိုဝင်ဘာ  ၁၉            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အား လက်နက်ခဲယမ်းများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်။

နိုဝင်ဘာ  ၂၂    ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု အယူခံလျှောက်ထားမှုအား ခရိုင် တရားရုံးပယ်ချ ။

                                      ဒီဇင်ဘာ

ဒီဇင်ဘာ ၆              ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် ဦးဝင်း မြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အား ထောင်ဒဏ်လေးနှစ်နှင့် ဒေါက်တာမျိုး အောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်။

          ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထား သည့် ထောင်ဒဏ်လေးနှစ်အနက် နှစ်နှစ်အား လွတ်ငြိမ်းသက်သာခွင့်ပြု ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အမိန့်ထုတ်ပြန်။

ဒီဇင်ဘာ ၈              ပုဒ်မ၅၀၅ (ခ)၊ သဘာဝဘေးပုဒ်မများဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့ပြီး အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းများကိုလည်း ထောင်ဒဏ် ချမှတ် ။

ဒီဇင်ဘာ  ၉             ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို ပုဒ်မ၅၀၅(ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ် ။

ဒီဇင်ဘာ  ၁၅            NCA ထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက် ကိုင် ခြောက်ဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ မိုင်းလားမြို့တွင် တွေ့ဆုံ။

                  တပ်မတော် (လေ) သို့ YAK 130 , K-8,  အမျိုးအစားအမောင်း သင်နှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များ ၊ Y-12, ATR-72 သယ်ယူ ပို့ဆောင်ရေးလေယာဉ်များ Eurocopter ရဟတ်ယာဉ်များ တပ်တော်ဝင်။

ဒီဇင်ဘာ  ၁၆            နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် ပြည်ထောင်စုဝန်ကြီးသုံးဦးပါဝင်သောအဖွဲ့ ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်။

ဒီဇင်ဘာ ၂၀             တပ်မတော်က လေးကေ့ကော်ဒေသတွင် လေကြောင်း တိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် UN ဦးစီး၍ အရေးပေါ်အစည်းအဝေးများ ကျင်းပပြီး လေကြောင်း ပျံသန်းမှုကင်းမဲ့ဇုန် အဖြစ် သတ်မှတ်ပေးရန် KNU တောင်းဆို ။

ဒီဇင်ဘာ  ၂၃            နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတတ်နိုင်ဆုံး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော ကြား။

ဒီဇင်ဘာ  ၂၄            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ များ ရွေးကောက်ပွဲ စနစ်ဆိုုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ပြုလုပ် ။

                  တပ်မတော်(ရေ)၏ ဒုတိယမြောက် ရေငုပ်သင်္ဘောစစ် ရေယာဉ် မင်းရဲကျော်ထင်နှင့်ကမ်းလွန်ရေယာဉ်တစ်စင်း၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ်များ တပ်တော်ဝင်။

ဒီဇင်ဘာ  ၂၅            ဘီးလင်းမြို့နယ်အတွင်း တပ်မတော်နှင့် BGF ပူးပေါင်းအ ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာသဖြင့် KNU နှင့်အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ဒေသခံပြည်သူ ၂၀၀၀ ခန့် နေအိမ်များ စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်။

ဒီဇင်ဘာ ၂၆             လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ် PR ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီများ သဘောတူ။

ဒီဇင်ဘာ ၂၈             ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ မြို့တော်ခန်းမ ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် တွေ့ဆုံ။


READ NEXT
Cancel OK