Top News

2021 Timeline(1)
24htopnews | January 1, 2025 4:12 PM CST

ဇန်နဝါရီ

ဇန်နဝါရီ  ၂              NLD ပါတီမှ ဒေါက်တာအောင်မိုးညိုဦးဆောင်သော အဖွဲ့ နှင့် အနိုင်ရတိုင်းရင်းသားပါတီ သုံးပါတီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေး။

မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကုန်ကျစရိတ်ကို လုပ်ငန်းရှင်များ ထောက်ပံ့မှုတွင် အဂတိနှင့်ငြိစွန်းသည့် လုပ်ဆောင်ချက် မတွေ့ရှိဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား။

ဇန်နဝါရီ  ၃              တပ်မတော်က အာဏာသိမ်းမည်ဟု Facebook တွင် Live လွှင့်သူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဒလမြို့မရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်။

ဇန်နဝါရီ  ၆              ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်စခန်းများ ရုပ်သိမ်းပေးရန် တပ်မတော်၏ စစ်ရေးလှုပ်ရှားများ ရပ်တန့်ပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်။

ဇန်နဝါရီ  ၇              ရွေးကောက်ပွဲပြုလုပ်ရန် ကျန်နေသည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ရွေးကောက်ပွဲအမြန်ဆုံး ပြုလုပ်ရန် အလေးထားတိုက်တွန်းကြောင်း တပ်မတော်ထုတ်ပြန်။

                  ရခိုင်အမျိုးသား ပါတီနှင့် ရခိုင်မျိုးနွယ်စု တိုင်းရင်းသားလူမျိုးများ၏ လူမျိုးစုတိုင်းရင်းသားမျိုးနွယ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ တွေ့ဆုံဆွေးနွေး။

ဇန်နဝါရီ  ၈              ရွေးကောက်ပွဲအရှုံးကို လက်မခံဘဲ မဟုတ်မမှန်ပြောကြား နေသည့် အဖွဲ့များ၊ လူပုဂ္ဂိုလ်များအနေဖြင့် ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်သည့် နိုင်ငံရေး ဆွဲကြိုးချခြင်းဖြစ်လိမ့်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ပြောကြား။

ဇန်နဝါရီ  ၈              ရွေးကောက်ပွဲပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့် အခြေအနေများနှင့် မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန် ထောက်ပြမှုများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား။

ဇန်နဝါရီ  ၁၀            ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား။

          ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ UEC ၏ ဆောင်ရွက်ချက်များကို မကျေနပ်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး နေပြည်တော်တွင် ဆန္ဒထုတ်ဖော်။

ဇန်နဝါရီ  ၁၁       နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ တွေ့ဆုံခဲ့ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ အပါအဝင် စာချုပ်အချို့ လက်မှတ်ရေးထိုး။

                  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်း အဝေး ခေါ်ယူကျင်းပပေးရန် တပ်မတော်သားများအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက လွှတ်တော်နာယကထံ တောင်းဆို။

ဇန်နဝါရီ  ၁၂            ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းအမှားအယွင်းများနှင့် ပတ်သက်၍ တပ်မတော်၏ မဲစာရင်းစိစစ်နေသည့်အခြေအနေများကို တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထည့်သွင်းဆွေးနွေး။

ဇန်နဝါရီ  ၁၇            ပခုက္ကူခရိုင် ရေစကြိုမြို့တွင် တပ်မတော်အား ထောက်ခံကြောင်းနှင့် UEC ကို ဆန့်ကျင်ရှုတ်ချကြောင်း အင်အား ၃၀၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်။

ဇန်နဝါရီ  ၂၀            ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့်ပတ်သက်၍ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည် ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နည်းလမ်းရှာဖွေဖြေရှင်းပေးရန် တပ်မတော် ထုတ်ပြန်။

ဇန်နဝါရီ  ၂၂            တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး နေပြည်တော်၌ တွေ့ဆုံဆွေးနွေး။

ဇန်နဝါရီ  ၂၆            တပ်မတော်အနေဖြင့် အာဏာမသိမ်းဟု မှတ်ယူ၍မရ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား။

ဇန်နဝါရီ  ၂၈            မဲဆန္ဒရှင်ပြည်သူလူထု၏ သဘောဆန္ဒကို ပြောင်းလဲမည် ဆိုပါက  ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက် ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်ဟု UEC ထုတ်ပြန်။

ဇန်နဝါရီ  ၂၉            နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအနီး ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ လှည့်လည်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးတင်း ကျပ်ခဲ့။

ဇန်နဝါရီ  ၃၀            တပ်မတော်အနေဖြင့် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်လျက် ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီ  ၁           သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က လွှဲပြောင်းရယူ။

                  ယာယီသမ္မတ ဦးမြင့်ဆွေနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပ။

ဖေဖော်ဝါရီ  ၂   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး အစိုးရထိပ်ပိုင်း ရာထူးများ ပြောင်းလဲခန့်အပ်မှုများပြုလုပ်။

ဖေဖော်ဝါရီ  ၃           နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား ၂၄ နာရီအတွင်း နေရပ်ပြန်ရန် ညွှန်ကြားချက်ကြောင့် ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာ။

ဖေဖော်ဝါရီ  ၄   သမ္မတဦးဝင်းမြင့်နှင့်မိသားစုကို နိုင်ငံတော်သမ္မတအိမ်တော်မှ အခြားနေအိမ်သို့ပြောင်းရွှေ့ခဲ့ပြီး NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်း ထိန် ဖမ်းဆီးခံရ။

ဖေဖော်ဝါရီ  ၅   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ ဘဏ်များအသင်း၊ ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်စေရန် ဆွေးနွေး။

                  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာမှုနှင့်ပတ်သက်၍ တပ်မတော်ရှင်းပြ။

ဖေဖော်ဝါရီ  ၈           အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား။

ဖေဖော်ဝါရီ  ၁၀         NLD ဌာနချုပ်ရုံးကို ချိုးဖျက်ဝင်ရောက်စီးနင်းခဲ့သူများ အနေဖြင့် တာဝန်ခံဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ထိုသို့ ဥပဒေမဲ့ကျူးလွန် ခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း NLD ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ကြေညာ ။

ဖေဖော်ဝါရီ  ၁၂ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်။

ဖေဖော်ဝါရီ  ၁၃ ဧည့်စာရင်း ပြန်လည်တိုင်ကြားရမည့် ပုဒ်မပြင်ဆင်ချက်အပါအဝင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြဋ္ဌာန်း။

ဖေဖော်ဝါရီ  ၂၄ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး မာဆူဒီတို ထိုင်းနိုင်ငံတွင် တွေ့ဆုံ။

                                      မတ်

မတ်  ၁         ဦးဝင်းမြင့်အား ပုဒ်မ ၅၀၅ (ခ) နှင့် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်ထိုးတရားစွဲဆို။

မတ်  ၃         ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပထမအကြိမ် အစည်းအဝေးပြုလုပ်။

                                      ဧပြီ

ဧပြီ  ၂၀                  CDM လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်များအား နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်ခြင်း နှင့် သက်ဆိုင်ရာဌာနများတွင် Black List စာရင်းသွင်းထားကြောင်း ထုတ် ပြန်။

ဧပြီ  ၂၂                  တက္ကသိုလ်အဆင့်များကို မေလဆန်းတွင်ဖွင့်လှစ်နိုင်ရန် နှင့်အခြေခံပညာကျောင်းများအား ဇွန်လဆန်းတွင် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ပြောကြား။

ဧပြီ  ၂၃                  တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး စစ်ရှိန်လျှော့ပြီး တွေ့ဆုံညှိနှိုင်းမှုကို ဦးစားပေးဆောင်ရွက်ရန် ကျားဖြူပါတီ တိုက်တွန်း။

ဧပြီ  ၂၄                  အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံဒေသတွင်းခေါင်းဆောင်များ တွေ့ဆုံ။

                               မြန်မာ့အရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်း အဝေးတွင် ဘုံသဘောတူညီချက်ငါးချက်ရရှိ။

ဧပြီ  ၂၆                  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော NSPC နှင့် DKBA အဖွဲ့၊ KNU/KNLA(PC)  အဖွဲ့တို့ နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေး။

ဧပြီ  ၂၉                  မကွေးလေတပ်စခန်းနှင့် မိတ္ထီလာလေတပ်စခန်း ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်ခံရ။

                  ကျောင်းဖွင့်ချိန်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များ စီမံဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ ပြောကြား။

ဧပြီ  ၃၀          တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို မေ ၃၁ ရက် အထိ ထပ်မံရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာ။

          မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်အတိုင်း လက် တွေ့ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း။

မေ

မေ  ၁ ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲ အတွင်း တပ်မတော်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း KIO ဘက်က ပြောကြား။

မေ  ၃         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘောတူထား သည့် ဘုံသဘောတူညီချက်များကို တာဝန်ခံစေရေးထိန်းသိမ်းပေးရန် အမေရိကန်က အာဆီယံဥက္ကဋ္ဌကို ဖိအားပေး။

          မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် စာလျှင် ပုံမှန်သို့ပြန်လည်ရောက်ရှိရေးနှင့် အပြန်အလှန်ဆွေးနွေးခြင်းမှ တစ်ဆင့် နိုင်ငံရေးဖြေရှင်းချက်တစ်ရပ် ရှာဖွေရေးကိုသာလိုလားကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား။

မေ  ၅  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနလက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှုကို ရပ်နားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား။

မေ  ၇ တိုက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းထက် မည်သည့်အခြေအနေ မျိုး တွင်ဖြစ်စေ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန် NCAအတိုင်းဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ပြောကြား။

          NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ လုပ်ကိုင် ဆောင် ရွက်မှုများသည် ဥပဒေအား မည်မျှကျော်လွန် ချိုးဖောက်ထား သည်ဆိုသည့် အပေါ်မူတည်ပြီး ပါတီများ၏အနာဂတ်ကို ဥပဒေအတိုင်းဆောင် ရွက်မည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ပြောကြား။

                  ဘဏ်များတွင် အပ်နှံထားသည့်ငွေများ မည်သည့်အကြောင်း နှင့်မျှ ဆုံးရှုံးရန် မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား။

မေ  ၁၀            နိုင်ငံရေးအပြောင်းအလဲအခြေအနေတစ်ခုတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်းလာသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ သဘောထားထုတ် ပြန်။     

မေ  ၁၅         မြန်မာနိုင်ငံသို့လာရောက်မည်ဆိုသည့် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်ခရီးစဉ်ကို တရားဝင်အကြောင်းကြားလာခြင်းမရှိသေး ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား။

            ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့်ခရိုင် ကော်မရှင်အဖွဲ့ခွဲများ၌  NLD ပါတီက ၎င်းတို့၏ ပါတီဝင်နှင့်အမာခံအချို့ကို ထည့်သွင်းဖွဲ့စည်းစေခဲ့ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ် ထုတ်ပြန်။

မေ  ၁၈         ရွေးကောက်ပွဲကော်မရှင်အစည်းအဝေး တက်ရောက်ရေး နှင့်ပတ်သက်၍ သဘောထားကွဲလွဲသောကြောင့် ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ ပါတီမှ နုတ်ထွက်။

မေ  ၂၀         ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ သွား ရောက်။

မေ  ၂၁         မဲစာရင်းများ စစ်ဆေးပြီးစီးပါက ဥပဒေနှင့်မညီ ဆောင်ရွက် ခဲ့သည့် NLD ပါတီကိုဖျက်သိမ်းရန်နှင့်ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော် သစ္စာဖောက်အဖြစ် အရေးယူရန် စဉ်းစားဆောင်ရွက်မည်ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား။

မေ  ၂၅         ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ တရားသူကြီးချုပ် (ငြိမ်း) ဦးအောင်တိုး ကွယ်လွန်။

မေ  ၂၆         မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ပစ်ခတ်ခြင်းများ မပြုရေးအတွက် ညှိနှိုင်းပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ တောင်းဆို။

မေ  ၂၇         လက်ရှိ  နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကြိုးပမ်းရန် PPST ဆုံးဖြတ်။

မေ  ၃၀         နိုင်ငံတော်ကာကွယ်ရေး၊ အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ် ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းကြောင်း ထုတ်ပြန်။

 

ဇွန်

ဇွန်  ၁          သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းအခမ်း အနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်။

ဇွန်  ၄          မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အာဆီယံသံတမန်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည် တော်တွင် တွေ့ဆုံ။

                  နေပြည်တော်သို့ရောက်ရှိနေသည့် အာဆီယံသံတမန်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှစ်ဦး သီးခြားစီတွေ့ဆုံ။

ဇွန်  ၅          တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေပြည်တော်တွင် တွေ့ဆုံ။

ဇွန်  ၉         KNU အနေဖြင့် NCA မူဘောင်များအတိုင်းတိကျစွာ လိုက်နာကျင့်သုံးမည်ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင်အားလုံးအနေဖြင့် စစ်စည်း ကမ်းနှင့်အညီ တိကျစွာလိုက်နာကြရန် KNU ထုတ်ပြန်။

ဇွန်  ၁၂         NLD ပါတီအပါအဝင် ပါတီများအနေဖြင့် ဥပဒေအရ လိုက် နာရမည့်အချက်များကို ကျူးလွန်ကြောင်းတွေ့ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၈ အရ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ရမည်ဟု UEC အဖွဲ့ဝင် ပြောကြား။

ဇွန်  ၁၄         မန္တလေး NLD တိုင်းရုံးနှင့် ချမ်းမြသာစည်မြို့နယ်ရုံးတို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်စုက NLD တိုင်းရုံးအတွင်း ဝင်ရောက် ဖျက်ဆီးမှုများပြုလုပ်။

ဇွန်  ၁၆         (၈) ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက် ရောက်။

ဇွန်  ၂၂         တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး (၉) ကြိမ် မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်။

                  ရွေးကောက်ပွဲအား မလွဲမသွေလုပ်မည်ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် နှစ်နှစ်အတွင်းဖြစ်နိုင်ကြောင်း Russia 24 သတင်းဌာနနှင့် အင်တာ ဗျူးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား။

ဇွန်  ၂၄         ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှား ရေတပ်ဦးစီးချုပ်နှင့်တွေ့ဆုံပြီး နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေး ပြပွဲသို့ တက်ရောက်။

ဇွန်  ၃၀ တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဇူလိုင် ၃၁ ရက်အထိ ရပ်ဆိုင်းကြောင်း ထုတ်ပြန်။


READ NEXT
Cancel OK