
ကိုးကန့် မြီမိသားစုဝင်များအပါအဝင် လူ ၃၉ ဦးကို အွန်လိုင်းလိမ်လည်မှုနှင့် အခြားရာဇဝတ်မှုများကျူးလွန်မှုဖြင့် တရုတ်နိုင်ငံတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သောရာဇဝတ်အုပ်စုကြီးများ၏အဖွဲ့ဝင် ၃၉ ဦးကို အွန်လိုင်း လိမ်လည်မှု၊ တရုတ်အရပ်သားများကို ရည်ရွယ်သော အခြားရာဇဝတ်မှုများဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ ၌ တရားစွဲခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
မြီမိသားစုတွင် မြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင်း (Mg Myin Shaunt Phyin)၊ မြေးဖြစ်သူ မြီကျိန်းကျိန်း (မသီရီမောင်)တို့ အပါအဝင် သံသယရှိသူများသည် လိမ်လည် မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရရှိစေမှု၊ တရားမဝင်ထိန်းသိမ်း မှု၊ လောင်းကစားလုပ်ငန်းများလုပ်ကိုင်မှု၊ မူးယစ်ဆေးမှောင်ခိုမှု၊ ပြည့်တန်ဆာလုပ်ရန် စည်းရုံးမှုစသော စွဲချက်များကို ရင်ဆိုင် နေရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းလိမ်လည်မှုများကျူးလွန်မှုဖြင့် ကိုးကန့်မြီမိသားစုအား မြန်မာနိုင်ငံဘက်မှဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ မြီမိသားစုတွင် ခေါင်းဆောင် ဖြစ်သည့် မြီရှောက်ချန်းမှာ ဖမ်းဆီးစဉ်အချိန် ၌ ၎င်းင်း၏ကိုယ်ပိုင်သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့ပြီးရရှိဒဏ်ရာဖြင့်သေဆုံးခဲ့သည် ဟု ထိုစဉ်က နစကက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် မြီရှောက်ချန်း၏သမီးဖြစ်သူ မြီကျွီလန်မှာ ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း မြန်မာဘက်က တရုတ်နိုင်ငံသို့ မြီမိသားစုဝင်များကို လွှဲပြောင်းရာတွင် သတင်းထုတ်ပြန်မှုအရ ၎င်းင်းသည် ထွက်ပြေးတိမ်း ရှောင်နေသည်ဟု ဖော်ပြထားသည်။
၎င်းင်းတို့ကို အရှေ့ပိုင်း ကျဲကြန့်ပြည်နယ် ကမ်းရိုးတန်းမြို့ ဝမ်ကျိုးမြို့ရှိ တရားရုံးတွင် တရားစွဲခဲ့ခြင်းဖြစ်သည်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၏တရားခံ ၁၆ ဦးသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု ဝမ်ကျိုးမြို့ရှိ အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။
ထို့အပြင် ရာဇဝတ်အုပ်စုများနှင့်ဆက်စပ်နေသော အခြားသံသယရှိသူထောင်ပေါင်းများစွာကို ဝမ်ကျိုး၊ တရုတ်နိုင်ငံရှိ အခြားနေရာတို့က အစိုးရရှေ့နေတို့က လက်ရှိတွင် စုံစမ်းစစ်ဆေးနေသည်။
အဆိုပါသံသယရှိသူများနှင့်ဆက်နွှယ်နေသော အတည်ပြုထားသည့် အွန်လိုင်းလိမ်လည်မှု ၁၀၀၀ ကျော်ရှိနေပြီး ယင်းလိမ်လည်မှု သည် ယွမ်ငွေဘီလျံချီရှိနေကာ အသက်ဆုံးရှုံးခဲ့သည့် တရုတ်နိုင်ငံသား အများအပြားရှိခဲ့သည်။
Ref: Xinhua
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်